Eleven Media Group

စပါးအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းကနေ ရစ်ချာလီဆန် ချန်လှပ်ခံခဲ့ရပြီး တူရကီကို ပြောင်းရွှေ့ဖွယ်ရှိနေ

Photo: X

ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ စပါးအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရကြောင်း သိရပါတယ်။
နွေရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းပြီးနောက် အသစ်တင်သွင်းရတဲ့ ကစားသမား(၂၅)ဦးစာရင်းမှာ စပါးအသင်းက ရစ်ချာလီဆန်ကို ချန်လှပ်ထားခဲ့တာပါ။
ရစ်ချာလီဆန်က ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အသင်းဟောင်း အဲဗာတန်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့ဘဲ စပါးအသင်းမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တူရကီလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်က စက်တင်ဘာ(၄)ရက် ဒီနေ့မှ ပိတ်သိမ်းမှာဖြစ်ပြီး ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်ကလည်း စက်တင်ဘာ(၆)ရက်မှ ပိတ်သိမ်းမှာဖြစ်တာကြောင့် ရစ်ချာလီဆန်အနေနဲ့ အသင်းပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေးရှိနေပါသေးတယ်။
သတင်းတွေအရ တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းက ရစ်ချာလီဆန်ကို စျေးကွက်မပိတ်ခင် ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။
ထရက်ဇွန်စပေါ်အသင်းက ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီး စပါးမှာ ရရှိနေတဲ့လစာရဲ့ (၃)ဆအထိ ပေးအပ်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြမှုတွေ ရှိနေပါတယ်။

မူရင်းသတင်း — Eleven Media Group