Eleven Media Group

ချန်ပီယံလိဂ်ဂိုး(၆၀) အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် ဟာလန်း စံချိန်တင်

Photo: X

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ်ဂိုး(၆၀) အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
ဟာလန်းဟာ PSG အသင်းကို (၂-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် ချန်ပီယံလိဂ်ဂိုး(၆၀)ပြည့်သွားခဲ့တာပါ။
ဟာလန်းအနေနဲ့ ဂိုး(၆၀) သွင်းယူနိုင်ဖို့ ပွဲ(၆၀)သာ ကစားခဲ့ရတာကြောင့် ပွဲအနည်းဆုံးနဲ့ ဂိုး(၆၀)ပြည့်သွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့တာပါ။
အရင်က ချန်ပီယံလိဂ်ဂိုး(၆၀)ကို ပွဲအနည်းဆုံးနဲ့ ပြည့်မြောက်သူအဖြစ် စံချိန်တင်ထားတာက မက်ဆီ(ပွဲ ၈၀) ဖြစ်ပါတယ်။
ဟာလန်းက ချန်ပီယံလိဂ်ဂိုး(၆၀)ကို အသက်(၂၆)နှစ်နဲ့ (၈၅)ရက်မှာ သွင်းယူနိုင်ခဲ့တာကြောင့် အသက်အငယ်ဆုံး ဂိုး(၆၀)ပြည့်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီစံချိန်ကိုလည်း အရင်က မက်ဆီပဲ စိုက်ထူထားခဲ့တာဖြစ်ပြီး ဟာလန်းက တစ်ရက်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဟာလန်းအနေနဲ့ မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်(၄၁)ပွဲ ယှဉ်ပြိုင်ကစားရာမှာ (၃၈)ဂိုး သွင်းယူခဲ့ပြီး မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group