Eleven Media Group

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အမ်ဘာပေ အဆင့်(၅)နေရာ ရောက်ရှိလာ

Photo: X

ရီးယဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အဆင့်(၅)နေရာ ရောက်ရှိလာကြောင်း သိရပါတယ်။
အမ်ဘာပေဟာ ရိုးမားအသင်းကို (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပထမဂိုး သွင်းယူပေးခဲ့တာကြောင့် ချန်ပီယံလိဂ်သွင်းဂိုး (၇၂)ဂိုး ရှိသွားခဲ့ပြီး ရာအူးလ်ကို ကျော်ဖြတ်ကာ အဆင့်(၅)နေရာ ရောက်ရှိလာခဲ့တာပါ။
ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားက စီရော်နယ်လ်ဒို(၁၄၀ ဂိုး)ဖြစ်ပြီး မက်ဆီက (၁၂၉)ဂိုးနဲ့ ဒုတိယနေရာ၊ လီဝန်ဒေါစကီးက (၁၀၉)ဂိုးနဲ့ တတိယနေရာ၊ ဘန်ဇီမာက ဂိုး(၉၀)နဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။
အမ်ဘာပေက ရိုးမားနဲ့ပွဲမှာ ချန်ပီယံလိဂ်ပွဲ (၁၀၀) ပြည့်မြောက်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲ(၁၀၀)ကို အသက်အငယ်ဆုံးနဲ့ ပြည့်မြောက်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အမ်ဘာပေက ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ ပဥ္စမမြောက် ပြင်သစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
အမ်ဘာပေရဲ့ ချန်ပီယံလိဂ်မှတ်တမ်းကတော့ မိုနာကိုအသင်းမှာ (၉)ပွဲ (၆)ဂိုး၊ PSG အသင်းမှာ (၆၄)ပွဲ (၄၂)ဂိုး၊ ရီးယဲလ်အသင်းမှာ (၂၇)ပွဲကစားပြီး (၂၄)ဂိုး သွင်းယူခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group