Eleven Media Group

ဗင်နီစီယပ်စ် (၄)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်ပြီးမှ ပြန်ကစားရမယ်

Photo: X

စပိန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို (၄)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။
ဗင်နီစီယပ်စ်ဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမား နသန်ဆာလီဘာရဲ့ ဆံပင်ကို ဆွဲခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရတာဖြစ်ပြီး ဒိုင်လူကြီးကို ဒေါသတကြီးတုံ့ပြန်ခဲ့တာကြောင့် အခုလို (၄)ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆာလီဘာရဲ့ ဆံပင်ကို ဆွဲခဲ့ခြင်းအတွက် (၂)ပွဲပယ်၊ ဒိုင်လူကြီးကို ဒေါသတကြီးတုံ့ပြန်ခဲ့ခြင်းအတွက် (၂)ပွဲပယ် စုစုပေါင်း (၄)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီလို ပြစ်ဒဏ်ချမှတ်မှုကို ရီးယဲလ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရမယ့်နေ့မှာ ကြေညာခဲ့ခြင်းဖြစ်တာကြောင့် မော်ရင်ဟိုက ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဗင်နီစီယပ်စ်ဟာ အခုပြစ်ဒဏ်ကြောင့် ဆီဗီလာ၊ ဘာစီလိုနာ၊ ရေးဆင်း၊ ဗလင်စီယာတို့နဲ့ ယှဉ်ပြိုင်ရမယ့် လာလီဂါပွဲစဉ်(၄)ပွဲကို လွဲချော်ရမှာဖြစ်ပြီး နိုဝင်ဘာ(၂၂)ရက် ဆယ်လ်တာဗီဂိုနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာမှ ပြန်လည်ကစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
ဗင်နီစီယပ်စ်ကို ချမှတ်ခဲ့တဲ့ အခုပြစ်ဒဏ်အတွက် ရီးယဲလ်အသင်းက အယူခံဝင်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group