Eleven Media Group

စပိန်နောက်ခံလူ မားကို့စ်လော်ရန်တေး လက်ရွေးစင်ကစားသမားဘဝက အနားယူ

Photo: X

အက်သလက်တီကိုအသင်းရဲ့ စပိန်နောက်ခံလူ မားကို့စ်လော်ရန်တေးဟာ အသက်(၃၁)နှစ်အရွယ်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူလိုက်ကြောင်း သိရပါတယ်။
မားကို့စ်လော်ရန်တေးက နည်းပြ အန်နရီကေးလက်ထက် ၂၀၂၀ ခုနှစ်မှာ စပိန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်သက်တမ်း(၆)နှစ်အတွင်းမှာ (၂၇)ပွဲ ကစားပေးခဲ့ပါတယ်။
ယူရို-၂၀၂၀၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး ချန်ပီယံဆုရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းအတွက် (၃)ပွဲကစားခွင့်ရခဲ့ပါတယ်။
''ကျွန်တော် အများကြီးစဉ်းစားပြီးမှ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကမ္ဘာ့ဖလားရရ၊ မရရ အနားယူဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားပါ'' လို့ မားကို့စ်လော်ရန်တေးက ပြောကြားခဲ့ပါတယ်။
မားကို့စ်လော်ရန်တေးက လက်ရှိအချိန်မှာ သူ့အတွက် တစ်ခုတည်းသော စိတ်လှုပ်ရှားစရာက အက်သလက်တီကိုအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ရေးပဲ ရှိတော့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မားကို့စ်လော်ရန်တေးက ရီးယဲလ်မက်ဒရစ်အသင်းကနေ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလား၊ အက်သလက်တီကိုနဲ့ လာလီဂါချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group