
လီဗာပူးလ်အသင်းရဲ့ အီတလီတိုက်စစ်ကစားသမား ခီယေဆာနဲ့ ဂျပန်ကွင်းလယ်ကစားသမား အန်ဒိုတို့ဟာ ချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက ချန်ပီယံလိဂ် League Phase အဆင့်အတွက် ကစားသမား(၂၅)ဦးစာရင်း တင်သွင်းရာမှာ ခီယေဆာနဲ့ အန်ဒိုတို့ကို ထည့်သွင်းခြင်းမပြုခဲ့တာပါ။
ခီယေဆာ(၂၈ နှစ်)ဟာ ၂၀၂၄ ခုနှစ်မှာ ဂျူဗင်တပ်စ်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာကတည်းက ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း ချန်ပီယံလိဂ်လူစာရင်းက ချန်လှပ်ခံခဲ့ရကြောင်း သိရပါတယ်။
အန်ဒို(၃၃ နှစ်)ကလည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာ ကစားခွင့်မရခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်လူစာရင်းကပါ ချန်လှပ်ခံခဲ့ရတာပါ။
ချန်ပီယံလိဂ် League Phase အဆင့်ကို လာမယ့်အင်္ဂါနေ့မှာ စတင်မှာဖြစ်ပြီး လီဗာပူးလ်အသင်းက အက်သလက်တီကိုအသင်းနဲ့ အိမ်ကွင်းပွဲစဉ် စတင်ယှဉ်ပြိုင်ရမှာပါ။
ခီယေဆာက လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာရှိနေပြီး အခုလ နိုင်ငံတကာရက်သတ္တပတ်ပြီးမှ လေ့ကျင့်မှုပြန်လုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။