Eleven Media Group

■ ကုလသမဂ္ဂက အာဖရိက၏အရွယ်အစား အစစ်ကို ထင်ဟပ်စေရန် ကမ္ဘာ့မြေပုံသစ် အသုံးပြုရေးကို မဲခွဲအတည်ပြု

ကုလသမဂ္ဂအထွေထွေညီလာခံက အာဖရိက၏ အရွယ်အစားကို ပိုမိုတိကျစွာ ထင်ဟပ်သော မြေပုံဖြင့် အစဉ်အလာ ကမ္ဘာ့မြေပုံကို အစားထိုးရန် မဲခွဲခဲ့သည်။

တိုဂို နိုင်ငံက ကမကထပြုပြီး အာဖရိကသမဂ္ဂ(AU)က ထောက်ခံသော "‌မြေပုံကို အမှန်ပြင်ရေး"ဟူသောဆုံးဖြတ်ချက်သည် ပြင်သစ်၊ယူကေတို့အပါအဝင် ၁၆၄ နိုင်ငံ၏ ထောက်ခံမှုဖြင့်အတည်ဖြစ်ခဲ့သည်။ အမေရိကန်ကယင်းဆုံးဖြတ်ချက်ကိုကန့်ကွက်သည့် တစ်ခုတည်း‌သောနိုင်ငံဖြစ်ခဲ့ပြီး ခြောက်နိုင်ငံက မဲမပေးခဲ့ပေ။

ကုလသမဂ္ဂမဲခွဲမှုသည်ဥပ‌ဒေအရမဖြစ်မ‌‌နေလိုက်နာဆောင်ရွက်ရန်တာဝန်မရှိသော် လည်း ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများကအသုံးပြုသောမြေပုံများတွင် အပြောင်းအလဲများကို မြင်တွေ့ရလိမ့်မည်ဖြစ်သည်။

၁၆ရာစုကတည်းကအသုံးများခဲ့သော မကေးတိုးမြေပုံ Mercator map နိုင်ငံအချို့၏အရွယ်အစားမတိကျသော်လည်းနိုင်ငံတို့၏ပုံစံများတိကျမှုရှိသည့်မြေပုံ) သည် အာဖရိကကို ဂရင်းလန်းနှင့် အရွယ်စားတူညီကြောင်းဖော်ပြထားသည့်အတွက်ဝေဖန်ခံခဲ့ရသည်။

အာဖရိကသည်ဂရင်းလန်းထက်အရွယ်အစား ၁၄ ဆပိုကြီးဝာာတောင် အရွယ်အစား တူသည်ဟုမကေးတိုးမြေပုံတွင် ဖော်ပြထားသည်။ယင်းသည် ပြုပြင်ရေး လိုအပ်ချက်များနှင့် အီကွေတာ အနီးရှိနိုင်ငံများကို ချုံ့ပစ်ရမည့် အလားလာသို့ ဦးတည်စေသည်ဟု ဝေဖန်ရေးသမားများက ပြောသည်။

မကေးတိုးမြေပုံကို ဥရောပစူးစမ်းရှာဖွေသူများ ကမ္ဘာတစ်ဝန်းသွားလာရာတွင် အထောက်အကူဖြစ်စေရေးအတွက် ဘယ်ဂျီယမ်မြောက်ပိုင်းသား မြေပုံဆွဲသူ
ဂျာရာဒတ်စ်မကေးတိုးက ၁၅၆၉ ခုနှစ်တွင် ရေးဆွဲခဲ့သည်။

၎င်း၏မြေပုံ ပုံမှန်အတိုင်းမဖြစ်ရခြင်းမှာ ကမ္ဘာ့မျက်နှာပြင်ကို 2D ကားချပ်ပေါ်တွင် သရုပ်ဖော်ရန်မဖြစ်နိုင်သည့်အချက်ကြောင့်မြေပုံသည် ပုံမှန်မဖြစ်ရခြင်းဖြစ်သည်။

ကမ္ဘာ့မြေပုံကိုရေးဆွဲသည့်အခါတိုင်းညှိနှိုင်းမှုများပြုလုပ်ရန်လိုအပ်သည်။မကေးတိုးမြေပုံသည် အီကွေတာ အနီးရှိနိုင်ငံများ ၎င်းတို့ရှိသည့်အရွယ်စားထက်ပို‌ သေးအောင်ရေးဆွဲထားပြီး ဝင်ရိုးများအနီးတွင်ရှိသည့်နိုင်ငံများကိုပိုကြီးသည့်ပုံစံပေါက်အောင်ရေးဆွဲခြင်းဖြင့် ကမ္ဘာ၏အကွေးနှင့်လိုက်လျောညီထွေဖြစ်အောင်ရေးဆွဲထားခြင်းဖြစ်သည်။

ထိုပြဿနာကိုဖြေရှင်းရန် မြေပုံဆွဲသူများအဖွဲ့တစ်ဖွဲ့ကလည်း၂၀၁၈ခုနှစ်တွင် Equal Earth projection ဟု အမည်ပေးထားသော ဧရိယာတူ မြေပုံကိုဖန်တီးခဲ့သည်။ AU အဖွဲ့ဝင် ၅၄ နိုင်ငံကဆုံးဖြတ်ချက်ကိုအတည်ပြုခဲ့ကြပြီး တိုက်ကြီးအားလုံး၏ အရွယ်အစား အထူးသဖြင့်အာဖရိကတိုက် ၏အရွယ်အစားကို ပိုမိုတိကျစွာဖော်ပြပေးရန်ပြောကြားခဲ့သည်။အွန်လိုင်းစည်းရုံးလှုံ့ဆော်ရေးအုပ်စုဖြစ်သည့် #CorrectTheMap က " အာဖရိကတိုက်ထဲကို အမေရိကန်ပြည်ထောင်စု၊ တရုတ်၊အိန္ဒိယ၊ ဂျပန်၊ မက္ကဆီကိုနဲ့ဥရောပ ရဲ့ဒေသအများအပြားကို ထည့်သွင်းလိုက်မယ်ဆိုရင်တောင် မြေနေရာ ကျန်နေဦးမှာပါ"ဟု ပြောကြားခဲ့သည်။

Ref:BBC

#UN #အာဖရိက #Map #elevennews

မူရင်းသတင်း — Eleven Media Group