
ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့နှင့် အခြားမြို့များတွင် အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက လူပေါင်းထောင်ချီပါဝင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့က ဆန္ဒပြစခန်းများကို ဖြိုခွဲဖယ်ရှားခဲ့ကာ လူ ၅၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပေါ်တူဂီနိုင်ငံရှိ ဆန္ဒပြသူများသည် အိမ်ရာစျေးနှုန်းများ အဆမတန်မြင့်တက်နေမှုကို ဆန့်ကျင်ဆန္ဒပြနေကြပြီး အိမ်နီးချင်း စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်တွင် ယာယီတဲများထိုးပြီး ဆန္ဒပြမှုများ ပြုလုပ်နေသည့်ပုံစံအတိုင်း လိုက်ပါလုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများသည် အစိုးရအပေါ် မကျေနပ်ချက်များရှိနေသည့် အခြားနိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေခဲ့သည်။
အောက်တိုဘာ ၂၀ ရက်အစောပိုင်းတွင် အာဏာပိုင်များသည် လစ္စဘွန်းနှင့် ပေါ်တိုမြို့များရှိ ဆန္ဒပြစခန်းများကို ရှင်းလင်းခဲ့ပြီး စခန်းချဆောက်လုပ်ထာသည့် ယာယီတဲ ၂၂၈ ခုကို သိမ်းဆည်းခဲ့သည်။
အဆိုပါ စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့သည် လူ ၅၅ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းတဲစခန်းများသည် တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
Ref: AFP