Eleven Media Group

နယူးကာဆယ်ရောဂါကြောင့် မက္ကဆီကိုက ဘရာဇီးမှ ကြက်သားနှင့်ငှက် တင်သွင်းမှုများကို ရပ်ဆိုင်း

မက္ကဆီကို စိုက်ပျိုးရေးတာဝန်ရှိသူများက နယူးကာဆယ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ဘရာဇီးထံမှ ကြက်သား၊ ငှက်အရှင်များ၊ ကြက်ဥများ တင်သွင်းခြင်းကို အောက်တိုဘာ ၁၉ ရက်တွင် ရပ်ဆိုင်းခဲ့သည်။

"ပြည်တွင်း ကြက်သားထုတ်လုပ်မှုကို အကာအကွယ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဘရာဇီးကနေတင်သွင်း နေတာကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်"ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး အတွင်းဝန်ရုံးက ထုတ်ပြန်ခဲ့သည်။

ဘရာဇီးအာဏာပိုင်များက နိုင်ငံတောင်ပိုင်း၌ စီးပွားဖြစ်‌မွေးမြူနေသော ကြက်ခြံတွင် နယူးကာဆယ်ရောဂါဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၈ ရက်တွင် တွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ကူးစက်မြန် နယူးကာဆယ်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး လူသားကို ခြိမ်းခြောက်ခြင်းမရှိသော်လည်း ကြက်များတွင်မူ အာရုံကြောရောဂါကို ဖြစ်စေနိုင်ပြီး ကြက်ဥနှုန်းကျဆင်းစေကာ သေဆုံးမှုနှုန်းကိုမြင့်တက်စေနိုင်သည်ဟု တိရစ္ဆာန်ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရပ်ဆိုင်းခြင်းသည် တစ်နှစ်ခွဲအချိန်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။

ဘရာဇီးသည် ကြက်သားထုတ်ကုန် ၃၀ ရာခိုင်နှုန်းကို မက္ကဆီကိုသို့ တင်ပို့နေသည်။

ကြက်ငှက်တုပ်ကွေးကြောင့် ၂၀၂၅ ခုနှစ်တွင် မက္ကဆီကို၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အခြားလက်တင်အမေရိကနိုင်ငံများက ဘရာဇီးမှကြက်သားတင်သွင်းခြင်းကို မေနှင့်ဇွန်လအတွင်း ရပ်ဆိုင်းခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group