
လကို အမေရိကန်က ပိုင်ဆိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စက်တင်ဘာ ၆ ရက်တွင် Truth Social လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ထရန့်သည် လ၏ ဓာတ်ပုံနှင့် အမေရိကန်အလံပုံများနှင့်အတူ လသည် မိမိတို့အပိုင်ဖြစ်သည်ဆိုသည့်ပို့စ်ကို တင်ခဲ့ခြင်းဖြစ်သည်။
ထရန့်သည် ယခင်ကလည်း လူမှုမီဒီယာပေါ်တွင် AI ဖြင့် ဖန်တီးထားသည့် ပို့စ်များကို တင်ခဲ့ပြီး ဟော်မုဇ် ရေလက်ကြားကိုလည်း အမေရိကန် ပိုင်နက်အဖြစ် ပြောဆိုခဲ့သည်။
ထို့ပြင် ဟော်မုဇ်ရေလက်ကြားကို ထရန့်ရေလက်ကြားဟု အမည်ပြောင်းလဲရန်၊ နယူးမက္ကဆီကိုပြည်နယ်ကို နယူးအမေရိကဟု အမည်ပြောင်းလဲရန် အဆိုပြုခဲ့ပြီး အိမ်နီးချင်းကနေဒါနိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေချိန်တွင် အွန်တေရီယို ရေကန်ကိုလည်း အမေရိက ရေကန်ဟု အမည်ပြောင်းလဲရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထရန့်သည် ၂၀၂၅ ခုနှစ်ကလည်း မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့ဟု အမည်ပြောင်းလဲခဲ့ပြီး မက္ကဆီကိုအစိုးရကမူ ထိုကဲ့သို့ အမည်ပြောင်းလဲမှုကို ပယ်ချခဲ့သည်။
Ref: Economic Times