





ပခုက္ကူ၊ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)၏ ဧကာဒသမမြောက်(တစ်ဆယ့် တစ်ပါးမြောက်)မဟာနာယကဆရာတော်ကြီးဂုဏပူဇာအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲအချိန်က ကျင်းပ ပြုလုပ်သည်။
ပထမဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့်ဧည့်သည်တော်များက “နမောတဿ”သုံး ကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) မဟာနာ ယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်(ငြိမ်း) ဘဒ္ဒန္တ သောဘနထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များထံမှအန္တရာယ်ကင်းပရိတ်တရားတော်များ၊ ဂါထာ တော်များနာယူကြည်ညိုခြင်း၊ မြန်မာနိုင်ငံတစ်ဝန်း ရှိဆရာတော်ကြီးများနှင့်အလယ်တိုက်အလုပ်အမှုဆောင်ဂေါပကအဖွဲ့များက ဝမ်းမြောက်ကြောင်းသဝဏ်လွှာဖတ်ကြားခြင်းများဆောင်ရွက်ကာ ပင့်သံဃာတော် သက်တော်ရှည်ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက်ပခုက္ကူမြို့၊မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)ရှိ သောတုဇနစာသင်သားသံတော်တော်များအား ပစ္စည်းလေးပါးနဝကမ္မများဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar