Myanmar National Post

ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရခဲ့ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် ပြော



နေပြည်တော်၊ အောက်တိုဘာ ၂၂

အဂတိလိုက်စားမှုများကြောင့် အကျဉ်းချခံထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့် ရခဲ့ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် က ရေးသားပြောဆိုထားသည်။

သူ၏ ရေးသားဖော်ပြချက်တွင် ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။ မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့တောင်းဆိုသံတွေကြောင့် ဒီအခွင့်အရေး ရလာခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ မေမေ လွတ်မြောက်တဲ့အထိ ဆက်လက်တောင်းဆိုပေးကြပါ။" ဟု ပြောဆိုထားသည်။

ကင်မ်အဲရစ်၏ ရေးသားဖြန့်ဝေမှုတွင် ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ခဲ့သော ပြစ်မှုများကို ဖော်ပြခြင်း မရှိဘဲ မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း၊ တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်ကြောင်း၊ မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ောကာင်း၊ ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ကြောင်းဖြင့် ဆီလျှော်မှုမရှိ ရေးသားဖော်ပြချက်များ ပါဝင်နေသည်ကို တွေ့ရသည်။

ကင်မ်အဲရစ် ၏ ရေးသားဖော်ပြချက်မျာကို ခေါင်းစဉ်အမျိုးမျိုးထုတ်၍ ပြည်ဖျက်မီဒီယာများမှလည်း အများပြည်သူ အထင်အမြင်လွဲမှားအောင် ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post