Eleven Media Group

■ အီရန်စစ်ပွဲတွင် ပါဝင်ခြင်းမပြုရန် ဆန္ဒပြသူများက တောင်ကိုရီးယားအစိုးရကို တိုက်တွန်း

အီရန်စစ်ပွဲတွင် ပါဝင်ခြင်းမပြုရန် စက်တင်ဘာ ၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံသား အများအပြားက ၎င်းတို့အစိုးရကို တိုက်တွန်းခဲ့ကြသည်။

ဟော်မုဇ်ရေလက်ကြားသို့ စစ်သားများ စေလွှတ်ခြင်းမပြုရန် တောင်ကိုရီးယားနိုင်ငံသား ဒါဇင်ပေါင်းများစွာက စက်တင်ဘာ ၉ ရက်တွင် ၎င်းတို့၏အစိုးရ ကို တိုက်တွန်းခဲ့ကြပြီး ထိုစစ်ပွဲသည် ဝါရှင်တန်၏တရားမဝင် စစ်ပွဲဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

ဆိုးလ်မြို့ရှိ ကြီးမားသော အမေရိကန်သံရုံး ခြံဝင်းကို ဖြတ်ကျော်သွားသော ဆန္ဒပြသူများက ကျူးကျော်စစ်တွင် ပါဝင်ခြင်းမပြုရန် ဖော်ပြထားသော ဆိုင်းဘုတ်များကို ဝှေ့ယမ်းခဲ့ကြသည်။ တောင်ကိုရီးယား ခေါင်းဆောင်များကမူ ဟော်မုဇ်ရေလက် ကြား၏လုံခြုံရေးကို ဆောင်ရွက်ပေးရန် ချိန်ဆနေသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ကူညီရန် မဟာမိတ် တောင်ကိုရီးယားကို ဖိအားပေးနေသည်။

"ငါတို့ဟာ ငါတို့ရဲ့လူငယ်တွေကို မရဏပင်လယ်ဆီ မပို့နိုင်ဘူး"ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။ ဆန္ဒပြသူ ၆၀ ခန်ရှိသည်ဟု AFP က ခန့်မှန်းထားသည်။ သူတို့သည် ဆိုးလ်၏ဆေဂျုန် ဖျော်ဖြေရေးစင်တာ၏ လှေကားထစ်များပေါ်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

မဟာဗျူဟာကျသော‌ ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်၏လုံခြုံရေးကြိုးပမ်းဆောင်ရွက်မှုများတွင်ပါဝင်ဆောင်ရွက်ပေးရန်စဉ်းစားနေသည်ဟု စက်တင်ဘာ ၄ ရက်တွင် တောင်ကိုရီးယားကပြောကြားခဲ့သည်။

အီရန်က ဖေဖော်ဝါရီ ၂၈ ရက်တွင်အမေရိကန်နှင့်စစ်ပွဲဖြစ်ပွားကတည်းကအဆိုပါရေလက်ကြားကို အများအပြား ထိန်းချုပ်ထားခဲ့သည်။
တောင်ကိုရီးယားက ဟော်မုဇ်ရေလက်ကြား ၌ အမေရိကန်လုပ်ဆောင်နေသောစစ်ဆင်ရေးတွင် စစ်ရေးဖြန့်ကြက်မှု သို့မဟုတ် ပါဝင်ပတ်သက်မှုကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကစက်တင်ဘာ ၇ ရက်တွင်သတိပေးလိုက်ပြီး ယင်းသို့လုပ်ဆောင်ခြင်းက စိုးရိမ်စရာကောင်းသောအကျိုးဆက်များရှိလာမည်ဟုပြောကြားခဲ့သည်။


Ref:AFP
AFP photos

မူရင်းသတင်း — Eleven Media Group