Eleven Media Group

အီကွေဒေါ၌ဖြစ်ပွားခဲ့သည့် ထောင်ဆူမှုများအတွင်းအကျဉ်းသား ရှစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိ

photo- AFP

အောက်တိုဘာ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သည့် ထောင်ဆူမှုများအတွင်း ရှစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု အီကွေဒေါအကျဉ်းထောင်တာဝန်ရှိသူများက ပြောကြားသည်။

လွတ်လပ်ခွင့်ဆုံးရှုံးနေသော အကျဉ်းသားလေးဦးသည် ကိုတိုပါဇီအကျဉ်းထောင်တွင် သေဆုံးခဲ့ပြီး ပီချင်ချာထောင်တွင် နောက်ထပ်လေးဦးသေဆုံးခဲ့သည်ဟု အကျဉ်းထောင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အီကွေဒေါ ထောင်များ၌ ၂၀၂၁ ခုနှစ်ကတည်းက အကျဉ်းသား ၅၀၀ ကျော်သေဆုံးခဲ့သည်။

ထောင်အချို့သည် စစ်တပ်၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်ဆိုသော်လည်း မူးယစ်ဆေးဝါးမှောင်ခိုကူးသောဂိုဏ်းများက ထောင်တွင်းအာဏာပိုင်များကို စိန်ခေါ်လျက်ရှိပြီး လူသတ်မှုများနှင့် ခြိမ်းခြောက်ငွေတောင်းခြင်းများကို ထောင်များထဲမှပင် ညွှန်ကြားနေသည်ဟု သိရသည်။

ထောင်ဆူအောင်လုပ်သူများကို ဖော်ထုတ်ထားပြီးဖြစ်၍ သူတို့ကို လုံခြုံရေးအမြင့်ဆုံးထောင်ဖြစ်သည့် အယ်အန်ကူရန်ထရိုထောင်သို့ လွဲှပြောင်းမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အယ်အန်ကူရန်ထရိုထောင်ကို အီကွေဒေါ၏ အလိုအရှိဆုံး ပြစ်မှုကျူးလွန်သူများအတွက် သမ္မတဒန်နီရယ်နိုဘိုအာ၏အစိုးရက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Ref:AFP

photos -AFP

မူရင်းသတင်း — Eleven Media Group