
ဒရုန်း အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ရာမှ မောလ်ဒိုဗာအာဏာပိုင်တို့ကနိုင်ငံ၏ လေပိုင်နက်ကိုပိတ်လိုက်သောကြောင့်
ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးစီးနင်းမည့် မော်လ်ဒိုဗာမှ နော်ဝေသို့ပျံမည့် လေကြောင်းခရီးကို အချိန်ရွှေ့ဆိုင်းခဲ့ရသည်ဟု အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ရုရှားဒရုန်းတစ်စင်းသည် ရစ်စကာနီခရိုင်ရှိ ရွာတစ်ရွာ၏အစွန်အဖျားတွင် စက်တင်ဘာ ၉ ရက်က ပျက်ကျခဲ့သည်ဟု မောလ်ဒိုဗာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့ကြောင့်မီးလောင်မှု လေးကြိမ်ဖြစ်ပွားခဲ့သည်ဆိုသော်လည်းထိခိုက်ဒဏ်ရာရသူမရှိဟုဆိုသည်။
အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒူမီထရူးစီယိုရီစီက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့ရာ၌ မော်လ်ဒိုဗာသည် စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံ၏လေပိုင်နက်ကို ပိတ်လိုက်သည်ဟု ပြောကြားခဲ့ပြီး လေပိုက်နက်ပိတ်ထားချိန်အတွင်းနိုင်ငံ၏ကောင်းကင်၌ ပျံသန်းသောလေယာဉ်များကို အကာအကွယ်ပေးရန်ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ဇယ်လန်းစကီးပါသော လေယာဉ်ခရီးအပါအဝင် ထွက်ခွာလေကြောင်းခရီးသုံးခုသည် အချိန်နှောင့်နှေးခဲ့သည်။
မော်လ်ဒိုဗာ အာဏာပိုင်တို့ကဒရုန်း ပျက်ကျသည်ကို အတည်ပြုခဲ့ပြီး Chișinău အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မိုင် ၁၀၀ ( ကီလိုမီတာ ၁၆၀) ဝေးသောနေရာတွင် ယပျက်ကျ ပေါက်ကွဲခဲ့သည်ကို အတည်ပြုခဲ့သည်။ လေပိုင်နက် ပိတ်ထားခြင်းကို ပြန်ဖွင့်ပေးလိုက်သောကြောင့် ဇယ်လန်းစကီး၏ လေယာဉ်သည် သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ထွက်ခွာသွားခဲ့သည်။
စက်တင်ဘာ ၉ ရက်တွင် မော်လ်ဒိုဗာလေပိုင်နက်ထဲဝင်လာသော ဒရုန်းသည် အိမ်နီး ချင်းနေတိုးအဖွဲ့ဝင် ရိုမေးနီးယားကို ဖြတ်သန်းလာခြင်းဖြစ်ပြီး အရှေ့မြောက်ကောင်တီအချို့အထိ ဒရုန်းကို ခြေရာခံခဲ့သည်ဟု သိရသည်။
စပိန်လေတပ်နှင့် အာကာသတပ်ဖွဲ့၏ F-18 တိုက်လေယာဉ် နှစ်စင်းက မော်လ်ဒိုဗာ
လေပိုင်နက်ထဲဒရုန်း ပြန်ဝင်မလာမီ ဒရုန်းပျံသန်းရာလမ်းကြောင်းကို ခြေရာခံခဲ့သည်ဟု ဆိုသည်။
ဒရုန်းသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအသုံးပြုသော Geran-type ဒရုန်းဖြစ်သည်ဟု
မော်လ်ဒိုဗာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။