Eleven Media Group

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော်ဘုရင်၏ အထိမ်းအမှတ်ကျောက်တိုင်တို့တွင် လွမ်းသူ့ပန်းခွေချ

ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော်ဘုရင်၏ အထိမ်းအမှတ်ကျောက်တိုင်တို့တွင် လွမ်းသူ့ပန်းခွေချခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့(စက်တင်ဘာ ၁၁ ရက်) နေ့လယ်ပိုင်းတွင် လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော်ဘုရင် Norodom Sihanouk ၏ အထိမ်းအမှတ်ကျောက်တိုင်တို့တွင် လွမ်းသူ့ပန်းခွေချခဲ့ခြင်း ဖြစ်သည်။

လွတ်လပ်ရေးကျောက်တိုင်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသား လုံခြုံရေးဝန်ကြီး H.E. Mr. TEA Seiha က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် လွတ်လပ်ရေးကျောက်တိုင်တွင် လွမ်းသူ့ပန်းခွေချခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခမည်းတော်ဘုရင် Norodom Sihanouk ၏ အထိမ်းအမှတ်ကျောက်တိုင်သို့ ဆက်လက်သွားရောက်ရာ ကမ္ဘောဒီးယား နန်းတွင်းရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခမည်းတော်ဘုရင် Norodom Sihanouk ၏ အထိမ်းအမှတ်ကျောက်တိုင်တွင် လွမ်းသူ့ပန်းခွေချခဲ့သည်။

အဆိုပါ လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားများသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မူရင်းသတင်း — Eleven Media Group