




ပခုက္ကူ၊ စက်တင်ဘာ ၁၂
၂၀၂၆ခုနှစ် အောက်တိုဘာ ၁ရက်နေ့တွင်ကျရောက်မည့် (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယနေ့နံနက်၇နာရီက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဖောင်တော်ဦးဘုရားဝန်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြ သည်။
အဆိုပါလုပ်ငန်းကို မကွေးတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးလွင်ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကြည်ခိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ဝင်းတို့၏ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန် ထမ်းများ နှင့်မိသားစုဝင်များ၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀၆)သတင်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၆)ရထားရဲတပ်ဖွဲ့ခွဲ(ပခုက္ကူ)မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀) လုံခြုံရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၇၁ဦးတို့က ပခုက္ကူမြို့၊ ဖောင်တော်ဦးဘုရားရှိ ဆင်းတုတော်မြတ်အား ရေသပ္ပာယ် ပူဇော်ခြင်း၊ ပန်း၊ရေချမ်းဆက်ကပ်ပူဇော်ခြင်း၊ ရင်ပြင်တော်အား တံမြက်စည်းလှည်းခြင်း၊ ဘုရားဝင်းအတွင်း ချုံနွယ်၊ ပေါင်းပင်၊ မြက်ပင်နှင့်အမှိုက်များကို ခုတ်ထွင်းရှင်းလင်းဖယ်ရှားခြင်းတို့ဖြင့် ပြည်သူအကျိုးပြုစုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News