
စက်တင်ဘာ - ၁၂ ( စနေနေ့ )
ယူကရိန်းခေါင်းဆောင် ဇီလန်းစကီးရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး ကီရေးလို ဘူဒါနော့ဗ် က ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီ (HUR) ကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ ဦးဆောင်ညွှန်ကြားခဲ့စဉ်ကာလအတွင်း ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုများနဲ့ ပတ်သက်၍ အနောက်နိုင်ငံများရဲ့ အထောက်အပံ့ရရှိထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြထားပါတယ်။
ယူကရိန်းအစိုးရအဖွဲ့ အတွင်းပိုင်း၌ ပေါ်ပေါက်ခဲ့သော အဂတိလိုက်စားမှု အရှုပ်တော်ပုံများကြောင့် ရာထူးမှ နှုတ်ထွက်သွားခဲ့သည့် အန်ဒရီ ယဲရ်မက်ခ် ရဲ့ နေရာတွင် ဇာလန်းစကီးက ဘူဒါနော့ဗ်ကို သမ္မတရုံး အကြီးအကဲအဖြစ် အစားထိုး ခန့်အပ်ခဲ့ပါတယ်။
ယူကရိန်း အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) က ဘူဒါနော့ဗ်ဟာ ထောက်လှမ်းရေး အေဂျင်စီ (HUR) အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ကျူးလွန်ခဲ့တဲ့ မသမာမှုများနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအသစ်ကို စတင်ပြုလုပ်နေပါတယ်။
လွန်ခဲ့သည့်လက ယူကရိန်းသတင်းမီဒီယာများတွင် ဘူဒါနော့ဗ်သည် ၎င်းရဲ့ ရာထူးမှ ထုတ်ပယ်ခံလိုက်ရတဲ့ ဒုတိယအကြီးအကဲ အီရီနာ မူဒရာယာ ပါဝင်ပတ်သက်နေသော ငွေကြေးခဝါချမှု အရှုပ်တော်ပုံနဲ့ ဆက်နွှယ်နေကြောင်း ဖော်ပြခဲ့ကြပါတယ်။
NABU ရဲ့ စွပ်စွဲချက်အရ မူဒရာယာသည် ဇီလန်းစကီးရဲ့ လူယုံတော်များ ပါဝင်ပတ်သက်နေတဲ့ သီးခြားအဂတိလိုက်စားမှု အမှုတစ်ခုတွင် သံသယရှိသူ ဖြစ်လာခဲ့သည့် စွမ်းအင်ဝန်ကြီးဟောင်း ဂျာမန် ဂါလူရှချန်ကို အတွက် အာမခံငွေ ပေးဆောင်နိုင်ရန် ငွေသားအပြည့်ပါသည့် အိတ်များကို အသုံးပြုခဲ့တဲ့ အစီအစဉ်ကို ကြိုးကိုင်ခြယ်လှယ်ခဲ့တယ်လို့ သိရပါတယ်။
ဘူဒါနော့ဗ်ဟာ မူဒရာယာကို ဂါလူရှချန်ကိုအား အချုပ်ထဲကနေ လွတ်မြောက်အောင် ကူညီပေးဖို့ စေခိုင်းခဲ့တာဖြစ်ပြီး ဒါဟာ သမ္မတ ဇီလန်းစကီးရဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဟာရိုမက်စကီ သတင်းဌာနက မေးမြန်းခဲ့ရာမှာတော့ ဘူဒါနော့ဗ်က “ဘယ်သူ့နာမည်တွေ ဘယ်နေရာမှာ ပါဝင်နေသလဲဆိုတာ တရားရုံးကပဲ ဆုံးဖြတ်ပါစေ” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
REF: RT
#Myanmar #News