Myanmar National Post

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ







ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား စီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. Prak Sophoan ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက  Siem Reap Angkor အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post