Myanmar National Post

ချမ်းမြသာစည်မြို့နယ်ရှိ ​အ.ထ.က (၃၆)​ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးလျက်ရှိ




ချမ်းမြသာစည်၊ စက်တင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမင်းစီမံချက်ဖြင့်  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ချမ်းမြသာစည်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကိုကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် အ.ထ.က (၃၆) ကျောင်းအုပ်ဆရာမကြီးတို့က မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ နေ့ချင်းပြီးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


အလင်းသစ် 

#News #Myanmar


မူရင်းသတင်း — Myanmar National Post