Eleven Media Group

မြဝတီမြို့တွင် ယနေ့ နံနက်အစောပိုင်းက ကားမိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

မြန်မာထိုင်း နယ်စပ် မြဝတီမြို့တွင် စက်တင်ဘာလ၁၃ ရက် နံနက်၁နာရီ၁၅ မိနစ်အချိန်ခန့်က ​နေရာနှစ်ခု၌ ကားမိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ၊​အောင်​​ဇေယျလမ်း ၊မြဝတီခရိုင် ပြန်ဆက်ရုံး အ​ရှေ့၌ ရပ်ထား​သော Honda fit ဟုယူဆရ​သည့် ကားပေါက်ကွဲ မီး​လောင်ခဲ့​ခြင်း ဖြစ်​ကြောင်းသိရသည်။

​အမှတ် ၅ရပ်ကွက် ​အောင်​ဇေယျလမ်းတွင်​နေထိုင်သူ တစ်ဦးက " ဒီ​နေရာက ပြန်ဆက်ရုံး၊စာတိုက်၊ရဲစခန်းနဲ့ တရားရုံးလည်း နီးတဲ့​နေရာဆို​တော့ လုံခြုံ​ရေးအရ သက်ဆိုင်ရာက ညဖက်ဆို ကား​တွေကို​ ပေးမရပ်ထားဘူး။ ည(၇)နာရီထိ ဘယ် ကားမှမရှိဘူး။ ည ရနာရီ​နောက်ပိုင်း ကျွန်​တော်တို့လည်း မကြည့်မိတော့ဘူး​လေ။ အသံကလည်းကျယ်တယ်။မီးကလည်းထ​လောင်​တော့ တုန်လှုပ်သွားတာပဲ"ဟု ​ဆိုသည်။

ကား​ပေါ်တွင် မိုင်းနှင့်အတူ ဆင်ထား​သော ဂတ်စ်အိုးများ ပေါက်ကွဲခြင်း​ကြောင် အသံကျယ်​လောင်ကာ မီး ​လောင်ကျွမ်း ပြီး​နောက်မ​ပေါက်ကွဲဘဲ ဂတ်(စ်)အိုး တစ်လုံးကျန်ခဲ့​ကြောင်း၊ ပတ်ဝန်းကျင် ​နေအိမ် အ​ဆောက်အဦများ ထိခိုက်မှုမရှိ​ကြောင်း သိရသည်။

ထို့အတူ အမှတ်၅ ရပ်ကွက်၊ချစ်ကြည်​ရေးလမ်း၊​​ရေပူလမ်းဆုံ ယာဉ်ထိန်းရုံး အ​ရှေ့တွင် ယ​နေ့ နံနက် ၁နာရီ၁၄ မိနစ်တွင် ကား​လေး​ပေါ်၌ ​ပေါက်ကွဲမီ​းလောင်ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ယာဉ်ထိန်းရုံးအနီး​၌ ​ပေါက်ကွဲမှုဖြစ်စဉ်​ကြောင်း ယာဉ်ထိန်းရုံးအ​ဆောက်အဦ ​ခေါင်မိုးနှင့် မှန်များကွဲ ကြေသွားခဲ့​​သော်လည်း တစ်ခြားလူနှင့်တိရိစ္ဆာန်တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ ​ကြောင်းသိရသည်။

မြဝတီမြို့တွင် ယခင်ရွေး​ကောက်ပွဲမတိုင်ခင် ညကလည်း ဘုရင့်​နောင်လမ်းမကြီးရှိ ပြည်ခိုင်ဖြိုးရုံး အ​ရှေ့ ၌​ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်က ​နေအိမ်၊အ​ဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့​ ​သလို ​အမျိုးသမီးငယ်တစ်ဦးလည်း ​သေဆုံးခဲ့သည်။

မူရင်းသတင်း — Eleven Media Group