Myanmar National Post

မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းတံတား အောက်တွင် ယာဉ်တိုက်မှုဖြစ်ပွား


မြောက်ဥက္ကလာ၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက် ၊    သုဓမ္မာလမ်းမကြီး ၊ ကျောက်ရေတွင်း တံတား အောက်တွင်  ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ် အချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက် ၊    သုဓမ္မာလမ်းမကြီး ၊ ကျောက် ရေတွင်း တံတား အောက်တွင် ယာဉ်မောင်း  ဦးညီညီလွင် (ဘ)ဦး၀င်းတင် ၊ အသက် ၄၆ နစ် မောင်းနှင်းလာ သော ယာဉ် အမှတ် YGN-39 (1f-----)(MITSUBISH DELICA) အဖြူရောင်  ၄ ဘီးယာဉ်သည် မြောက်ဥက္ကလာပမြို့နယ် အဝိုင်းဘက်မှ တောင်ဥက္ကလာဘက်သို့ သုဓမ္မာလမ်းအတိုင်း မောင်းနှင်း နေစဉ်  ကျောက် ရေတွင်း တံတား အောက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ အရှေ့ရှိ ယာဉ် မောင်း ဦးသက်နိုင်(ဘ)ဦးတင်ရွှေ  အသက်၅၃ နှစ် မောင်းနှင်းသော  YGN-19(5p------) (HYUNDAI) YBS 19 အစိမ်း ရောင် (၆)ဘီးယာဉ်၏ အနောက်ဘက်သို့ ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ ယာဉ်အတွင်း ညှပ်နေကြောင်းသတင်းအရ မြောက်ဥက္ကလာမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့၀င်များမှ သွားရောက်ကူညီခဲ့ရာ ယာဉ်မောင်း  ဦးညီညီလွင် (ဘ)ဦး၀င်းတင် ၊ အသက် ၄၆ နစ် ၏ ဘယ်ခြေမ အဆစ်ပြုတ် ၊ ဘယ်ခြေ ကျင်း၀ပ် အနည်းငယ်ကွဲ ၊ ညာ ခြေငြိုး ပျက်ရှဒဏ်ရာ ရရှိခဲ့သဖြင့် We Love North Okkalapa လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူလျက် ရှိ ကြောင်းသိရသည်။


သက်လွင်စိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post