
စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်းတွင် စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ ၁၉ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ ၁၉ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်တွင် မီးလောင်နေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ၈ နာရီ ၂၄ မိနစ်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိကြောင်း သိရသည်။
အလားတူ သွားရောက်ကူညီနေသည့် အနာဂတ်အလင်းတန်းပရဟိတအသင်းကလည်း ၎င်း၏ Facebook တွင် မီးလောင်မှုကို live လွှင့်တင်ထားသည်။
Live လွှင့်မှုတွင် လမ်းပေါ်ရှိ ဝါယာကြိုးများနှင့် ဆိုင်ခန်းဟုယူဆရသည့် အခန်းတချို့ မီးပြင်းထန်စွာလောင်နေသည်ကို တွေ့ရှိရသည်။
အဆိုပါမီးလောင်မှုကို စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့အပြင် မြို့နယ်အချို့ရှိ မီးသတ်ကားများ သွားရောက်ကူညီနေကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။