Myanmar National Post

နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား





ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များသည် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံအားပေးမှုကို ရရှိကြပြီး သမိုင်းကြောင်းတွင်လည်း နာမည်ကောင်းဖြင့် မှတ်တမ်းကျန်ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူကာ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးကို ဦးတည်၍ အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန် ထည့်သွင်းမှာကြားခဲ့သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post