Myanmar National Post

ကလေးမြို့တွင် ငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၁၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၀ ရက်နေ့ ၁၉၀၀ အချိန် ကလေးမြို့၊ လှိုင်သာယာရပ်ကွက်အနီးတွင် မျိုးကို မောင်းနှင်လာသည့် TOYOTA HILUX DOUBLE CAB အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၂၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၂၅၀)၊ မြန်မာငွေကျပ် ၂ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဇော်လင်းအောင်(ခ)ကိုငယ်လေး(ခ)ကိုဆတ် အား ၎င်းနေထိုင်သည့် ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မျိုးကို(၃၀)နှစ် နှင့် ဇော်လင်းအောင်(ခ)ကိုငယ်လေး(ခ)ကိုဆတ်(၂၃)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post