
ကနေဒါနိုင်ငံကို ဥရောပသမဂ္ဂ (EU) ၏ တွဲဖက် အဖွဲ့၀င် ဖြစ်စေလိုကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန် က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ဗြောင်ကျကျ ရန်လိုလာသည့် ကမ္ဘာကြီးတွင် မဟာမိတ်များအကြား ဆက်ဆံရေးသစ်များ ထူထောင်ရန် တွန်းအားပေးသည့်အနေဖြင့် ကနေဒါနိုင်ငံအား EU ၏ ပထမဆုံး တွဲဖက်အဖွဲ့ဝင်ဖြစ်လာစေရန် လမ်းဖွင့်ပေးလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗွန်ဒါလီယန်သည် ထိုအဆိုပြုချက်ကို တင်သွင်းပြီးနောက် ဥရောပပါလီမန်သို့ ရောက်ရှိလာချိန်တွင် ၎င်း၏ အခြေပြ မိန့်ခွန်းကို လာရောက်နားထောင်နေသည့် ကနေဒါ ဝန်ကြီးချုပ် မက်ခ် ကာနီထံ သွားရောက်ပြီး ပွေ့ဖက် နှုတ်ဆက်ခဲ့သည်။
"ဒီနေ့ ကမ္ဘာကြီးရဲ့ အေးစက်ပြီး ထိခိုက်လွယ်တဲ့ အခြေအနေမှာ မဟာမိတ်သစ်တွေ ထူထောင်ဖို့ လိုအပ်ပါတယ်"ဟု စထရက်စ်ဘဝါ့ဂ်မြို့ရှိ လွှတ်တော်ညီလာခံတွင် ဗွန် ဒါ လီယန် က ပြောကြားခဲ့သည်။
၂၇ နိုင်ငံ ပါဝင်သော EU သည် ရုရှား၏ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့်အတူ ၎င်း၏ နယ်နိမိတ်များတွင် စစ်ပွဲနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် EU နှင့် ကနေဒါ နှစ်နိုင်ငံစလုံးသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏အစိုးရအဖွဲ့ ထံမှလည်းကောင်း၊ တရုတ်နိုင်ငံ ထံမှလည်းကောင်း ကုန်သွယ်ရေးနှင့် အခြားကိစ္စရပ်များတွင် ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရသည်။
Ref: Reuters
#elevennews #ကနေဒါ#EU#ဥရောပကော်မရှင်