
စက်တင်ဘာ - ၁၇ ( ကြာသပတေးနေ့ )
ရုရှားလေကြောင်းလိုင်းတွေဟာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေနဲ့ တိုက်ရိုက်လေကြောင်း ပျံသန်းမှုတွေ ပြန်စဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်နေကြတယ်လို ရုရှား ဒုတိယခြားရေးဝန်ကြီး အန်ဒရေး ရူဒီန်ကို က Izvestia သတင်းစာကို ပြောကြားခဲ့ပါတယ်။
"နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေကို ကျနော်တို့ရဲ့ လေကြောင်းလိုင်းတွေနဲ့ သယ်ယူပိုဆောင်ရေး အေဂျင်စီတွေအဆင့်မှာ တိုက်ရိုက်လုပ်ဆောင်နေပါတယ်။ ဆွေးနွေးမှုကတော့ ခက်ခဲပြီး ရှုပ်ထွေးပါတယ်" လို့ သူက ဆိုပါတယ်။
"အခုလို ဖြစ်ပျက်ခဲ့တာတွေအားလုံးဟာ ကျနော်တိုရဲ့ အစပျိုးမှုကြောင့် မဟုတ်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ ကျနော်တိုရဲ့ မိတ်ဟောင်းဆွေဟောင်းတွေက ဒီလိုလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လေကြောင်းခရီးစဉ်တွေ ပြန်စနိုင်လိမ့်မယ်လို ကျနော်တို့ မျှော်လင့်နေဆဲပါ၊ အထူးသဖြင့် ဒါက သူတို့အတွက်ပါ စီးပွားရေးအရ အကျိုးရှိစေလို့ပါပဲ" လို ရုရှားသံတမန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
REF: Tass
#News #Myanmar