Eleven Media Group

(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသာအားဖြင့် ရဲတပ်ဖွဲ့မိသားစုဝင်အင်အားလေးရာ ကျော်ဖြင့် မဟာမုနိဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသာအားဖြင့် မဟာမုနိဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများကို ရဲတပ်ဖွဲ့နှင့်မိသားစုဝင်အင်အား လေးရာကျော်ဖြင့် စက်တင်ဘာလ၁ရရက် နံနက်၆နာရီခန့်မှစတင်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၁လမ်းနှင့်၈၄လမ်းကြား၊၄၅လမ်းနှင့် ၁၀၂လမ်းကြားရှိ မဟာမုနိဘုရား ဝင်းအတွင်းတွင် ရဲ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ကျော်စိုးဝင်းနှင့် အမှတ်(၃) မှုခင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ အမှတ်(၁၀)သတင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ အမှတ်(၁)မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ အမှတ်(၃)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ အမှတ်(၁)ရထားရဲတပ်ဖွဲ့ခွဲ (မန္တလေး)၊ အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ စည်ပင်သာယာ ရဲတပ်ဖွဲ့(မန္တလေး)၊ ကမ္ဘာလှည့် ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့စု(မန္တလေး)၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့စု (မန္တလေး)တို့မှ တပ်ဖွဲ့ခွဲမှူးများ ဦးစီး ရဲတပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့် အင်အားစုစုပေါင်း (၃၄၈)ဦး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ကျော်စိုးဝင်း၏ဇနီး ဒေါ်အိရွှေစင် ဦးစီး မိသားစုဝင် အင်အားစုစုပေါင်း (၁၀၆)ဦး၊ စုစုပေါင်းအင်အား(၄၅၄)ဦးတို့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ပါဝင်သော အစိုးရအဖွဲ့သည် စုပေါင်း သန့်ရှင်းရေးပြုလုပ်ရာ မဟာမုနိဘုရားကြီးသို့ ရောက်ရှိလာ၍ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ၁ရက်နေ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group