Eleven Media Group

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီးကိုကိုဦး အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီးကိုကိုဦး အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခဲ့​ကြောင်း နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၆/ ၂၀၂၆ ဖြင့်ယ​နေ့စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) တို့အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ပြီးကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်ကြီး ကိုကိုဦး အား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်​ကြောင်း အမိန့်စာတွင်​ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group