



ဂန့်ဂေါ၊ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး အာဟာရပြည့်ဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများ စွဲမြဲစွာ ကျင့်သုံးတတ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်း က ဂန့်ဂေါမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်မြောက် အာဟာရကျွေးမွေးခြင်း များဆောင်ရွက်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ထိုသို့ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၆)ကျောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း(၁၅)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ(၄၇၅)ဦးအား ကျောင်းအုပ်ကြီးများဦးဆောင်၍ အတန်းမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများပူးပေါင်းကာ နေ့လယ်စာအာဟာရဖြစ်စေမည့် ထမင်း၊ ဟင်းနှင့် အသီးအနှံများကို ကျွေးမွေးခဲ့ ကြသည်။
အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာအာဟာရကျွေးမွေးရာသို့ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တဆေးရုံအုပ် ဒေါက်တာဝင်းထိုက်နှင့် မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
#News #Myanmar