





ပခုက္ကူ၊ စက်တင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျောင်း သား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့ရှိ MSME လုပ်ငန်းများအား ကွင်းဆင်းလေ့လာကြသည်။
ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးအောင်စိုးမိုး၊ ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ သာဘာရပ်ဆိုင်ရာပါမောက္ခ (ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများစုပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ စားသောက် ကုန်လုပ်ငန်း၊ သဘာဝထုတ်ကုန်လုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်းနှင့် အုတ်လုပ်ငန်းများအလိုက် MSME လုပ်ငန်းများ အခြေအနေအား ကွင်းဆင်းလေ့လာကြပြီး လုပ်ငန်းရှင်များက လုပ်ငန်းပတ်လည်ဆောင်ရွက်နေမှုများ၊ ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့်ထုတ်ပိုးမှုအဆင့်ဆင့်များ၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွတ် မျှတစေရေး ဆောင်ရွက်နေမှုများအကြောင်းကို လိုက်လံရှင်းလင်းပြသကြရာ ကျောင်းသား ကျောင်းသူများက စိတ်ပါ ဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar