
စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့ )
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ နယူးယောက်မြို့မှာ ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးပြီးခါစမှာပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းစစ်ပွဲကို အဆုံးမသတ်နိုင်တာဟာ နယူးဒေလီ (အိန္ဒိယ) ကြောင့်ဆိုပြီး အပြစ်ပုံချဖို့ ကြိုးစားလာပါတယ်။
“ရုရှားနိုင်ငံဟာ သူ့ရဲ့စီးပွားရေးကို အိန္ဒိယ၊ တခါတလေ တူရကီနဲ့ တရုတ်တို့အပေါ် အခြေခံနေပါတယ်” လို့ ဇီလန်းစကီးက အင်္ဂါနေ့က ဝေါ်စထရိဂျာနယ်သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ယူကရိန်းဘက်က ဘတ်ဂျက်လိုငွေ ဒေါ်လာ ၂၇ ဘီလီယံနဲ့ ရင်ဆိုင်နေရပြီး စစ်မျက်နှာပြင်တွေလည်း ပြိုလဲကျနေတာကြောင့် လက်နက်နဲ့ ဘဏ္ဍာငွေအကူအညီတွေ ထပ်ရှာဖို့ ဇီလန်းစကီးဟာ နယူးယောက်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်ပွဲကလည်း ၅နှစ်ထဲကို ရောက်လာပြီဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒ ကျရှုံးမှုတွေကိုပါ ပေါ်လွင်စေခဲ့ပါပြီ။ ဒါကြောင့် ဇီလန်းစကီးအနေနဲ့ ရုရှားရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကို အပြစ်ပေးအရေးယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီမှာ အသစ်ရရှိထားတဲ့ ပိတ်ဆို့အရေးယူပိုင်ခွင့်ကို သုံးပေးဖို့ တောင်းဆိုနေပုံပေါ်ပါတယ်။
ဒါပေမဲ့ တရုတ်ပြီးရင် ရုရှားရေနံကို အများဆုံးဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံအတွက်တော့ ဒီပြောဆိုချက်ဟာ နယူးဒေလီကို တပ်လှန့်ပြီး ပစ်မှတ်ထား အပြစ်တင်နေသလိုမျိုး ဖြစ်လာခဲ့ပါတယ်။
သမ္မတထရမ့်ကလည်း တရုတ်သမ္မတ ရှီကျင့်་ဖျင်နဲ့ နယူးယောက်မြို့မှာ တွေ့ဆုံနေပြီး၊ တရုတ်ရဲ့ အရင်က တုံ့ပြန်မှုတွေဖြစ်တဲ့ အမေရိကန်စက်မှုလုပ်ငန်းတွေအတွက် အလွန်အရေးပါတဲ့ မြေရှားသတ္တုနဲ့ သံလိုက်တင်ပို့မှုတွေကို ကန့်သတ်ပိတ်ပင်မှုတွေနဲ့ ကြုံတွေ့ထားရတာကြောင့် တရုတ်ကို ပိတ်ဆို့အရေးယူဖို့ လုံးဝ ဝန်လေးနေမှာ ဖြစ်ပါတယ်။
ကုန်စည်ခွဲခြမ်းစိတ်ဖြာရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ ကေပလာ ရဲ့ အချက်အလက်တွေအရ ဩဂုတ်လမှာ နယူးဒေလီ (အိန္ဒိယ) ရဲ့ ရေနံစိမ်းတင်သွင်းမှုထဲမှာ ရုရှားရေနံက ၄၅ ရာခိုင်နှုန်းလောက်အထိ ပါဝင်ခဲ့ပြီး တစ်ရက်ကို စည်ပေါင်း ၂ ဒသမ ၁ သန်းဝန်းကျင် ရှိခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ အဲ့ဒီပမာဏ နည်းနည်းပြန်ကျသွားပြီး တစ်ရက်ကို စည်ပေါင်း ၁ ဒသမ ၉ သန်းဝန်းကျင်လောက် ရှိနေပါတယ်။
အမေရိကန်ရဲ့ အကောက်ခွန် တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ထွက်ပေါ်နေပေမဲ့ အိန္ဒိယနိုင်ငံကတော့ လူဦးရေ ၁ ဒသမ ၄ ဘီလီယံအတွက် စွမ်းအင်လိုအပ်ချက်တွေကို ရရှိအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး သူတို့ရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း နယူးဒေလီက ဝါရှင်တန်ကို သတိပေးထားပါတယ်။
“ဒီစစ်ပွဲကြီးက … ဘယ်သူက ရေနံ (ဒါမှမဟုတ်) အလူမီနာ၊ သတ္တုရိုင်းတွေ၊ သတ္တုတွေ၊ ဓာတ်မြေဩဇာတွေကို ဝယ်တာ၊ မဝယ်တာနဲ့တော့ ပြီးသွားမှာ မဟုတ်ပါဘူး” လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာ က ဒီလအစောပိုင်းက ကိဗ်မြို့မှာ ပြောကြားခဲ့ပါတယ်။
ဇီလန်းစကီ အင်တာဗျူးမပေးခင် နယူးယောက်မြို့မှာပဲ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆိုက်ဘီဟာ နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဈေးကွက်အပေါ် သက်ရောက်မှုရှိတဲ့ ပင်လယ်နက်တွင်း အခြေအနေတွေကို သူ ဆွေးနွေးခဲ့ပါသေးတယ်။
ဇယ်လန်းစကီရဲ့ အင်တာဗျူးပြောဆိုချက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ အသိုင်းအဝိုင်းတွေထဲမှာတော့ တော်တော်လေး ဒေါသထွက်သွားကြပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း က သူ့ရဲ့အိတ်စ် လူမှုကွန်ရက်ပေါ်မှာ “ဘယ်လိုလုပ်ပြီး ဒီလို ရယ်စရာကောင်းတဲ့ ပြောဆိုချက်မျိုးကို ထွက်ပြောရဲရတာလဲ” ဆိုပြီး ရေးသားခဲ့ပါတယ်။ “တရုတ်နိုင်ငံက စွမ်းအင်ကဏ္ဍတွေအပါအဝင် ရုရှားရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်နေတာကို၊ ဇီလန်းစကီးကတော့ ကျနော်တို့ကိုပဲ ပစ်မှတ်ထားပြီး တိုက်ရိုက် လက်ညှိုးထိုးနေတယ်” လို့ သူက ဝေဖန်ရေးသားခဲ့ပါတယ်။
REF: RT
#News #Myanmar