
နေပြည်တော်၊ စက်တင်ဘာ ၂၄
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၂၁ ရက်နေ့ ၁၈၃၀ အချိန် ကျောက်တန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စားသောက်ဆိုင်အား ဝင်ရောက်ရှာဖွေရာ မရီရီဝင်း၊ သန်းနိုင်၊ စိုးနိုင် တို့အား စိတ်ကြွဆေးပြား ၁၅၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၂၅၀)၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မရီရီဝင်း(၆၄)နှစ်၊ သန်းနိုင်(၆၃)နှစ်နှင့် စိုးနိုင်(၅၀)နှစ်တို့အား ကျောက်တန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်
#CCDAC
#News #Myanmar