
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်လေယာဥ်တင်သင်္ဘောတစ်စင်းပေါ်တွင် အမေရိကန်စစ်မှုထမ်းများကြား မိမိကိုယ်ကိုယ် အဆုံးစီရန်ရန် ကြိုးပမ်းမှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အစိုးရအဖွဲ့က အတည်ပြုခဲ့သည်ဟု အမေရိကန် လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
USS Abraham Lincoln သင်္ဘောပေါ်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ် အထက်လွှတ်ေတာ်အမတ် ကာစတင် ဂျီလီဘရန်း၏ မေးမြန်းချက်များကို ရေတပ်၀န်ကြီး ဟန်ကောင်းက ပြန်လည်ဖြေကြားသည့် ပေးစာတစ်စောင်တွင် အဆိုပါ အချက်အလက်များ ဖော်ပြထားခြင်းဖြစ်ပြီး ယင်းပေးစာကို အေအက်ဖ်ပီသတင်းဌာနက မြင်တွေ့ခဲ့ရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက အဆိုပါ လေယာဉ်တင်သင်္ဘော စတင်ထွက်ခွာချိန်မှစပြီး သင်္ဘောပေါ်ရှိ နေထိုင်မှုအခြေအနေများ ယိုယွင်းလာခြင်းနှင့် စိတ်ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်နေသည်ဆိုသည့် သတင်းများသည် အမေရိကန်တွင် သတင်းခေါင်းစီးများအဖြစ် ပါဝင်လာခဲ့ပြီး အီရန်အပေါ် သမ္မတ ဒေါ်နယ်ထရန့်၏ စစ်ပွဲဆင်နွှဲမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်စေခဲ့သည်။
"Lincoln သင်္ဘောရဲ့ စစ်ဆင်ရေးကာလ စတင်ချိန်ကတည်းက သင်္ဘောပေါ်မမှာ သေကြောင်းကြံစည်ရန် ကြိုးပမ်းမှု စုစုပေါင်း ၈ ကြိမ် ရှိခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် သေဆုံးတာမျိုးတော့ မရှိခဲ့ပါဘူး" ဟန်၏ ပေးစာတွင် ဖော်ပြထားသည်။
Ref: AFP