Eleven Media Group

■ အမေရိကန်၏ ပိတ်ဆို့မှုကြောင့် အီရန်လေကြောင်းလိုင်းများက ခရီးစဉ်များ ရပ်ဆိုင်း

အမေရိကန်က အီရန်စီးပွားရေးချည့်နဲ့စေရန် ကြိုးပမ်းမှုအသစ်အဖြစ် အီရန်လေကြောင်းလုပ်ငန်းကို ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးနောက် အီရန်လေကြောင်းလိုင်းများသည် စက်တင်ဘာ ၂၃ ရက်တွင် အပြည်ပြည်ဆိုင် ရာလေကြောင်းခရီးအချို့ကို ဖျက်သိမ်းခဲ့ရသည်။

ဂျော်ဂျီယာနှင့် အဇာဘိုင်ဂျန်တို့က လေကြောင်းခရီးများ ရပ်ဆိုင်းကြောင်းတရားဝင်အတည်ပြုခဲ့သည်။ တီဟီရန်အခြေစိုက် ခရီးသွားကိုယ်စားလှယ်တစ်ဦးက AFP ကို ပြောကြားရာ၌ ဘဂ္ဂဒတ်၊ မတ်စကက်၊ ကာ တာတို့ကို ပျံသန်းသောလေကြောင်းခရီးများကိုလည်း ရပ်ဆိုင်းလိုက်သည်ဟု ဆိုသည်။ သို့သော် တရုတ်အပါအဝင် အခြားခရီးပန်တိုင်များသည် ဆက်လက်သွားလာနိုင်သည်ဟု ဆိုသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က အီရန်ကို စီးပွားရေးဆိုင်ရာ အရေးပေါ်အခြေ အနေကြေညာထားသည့် စောစောပိုင်းခြိမ်းခြောက်ထားသည့် စစ်ဆင်ရေး၏အစိတ်အပိုင်းအဖြစ် စက်တင်ဘာ ၂၁ ရက်တွင် ပိတ်ဆို့မှုအသစ်များကို ကြေညာခဲ့သည်။

ခုနစ်လနီးပါးကြာမြင့်လာ ပြီဖြစ်သောစစ်ပွဲတွင် အီရန်အညံ့ခံစေရေးအတွက် အမေရိကန်က အီရန်ကို စီးပွားရေးစစ်ပွဲ ဆင်နွဲှနေသည်။

“ကျွန်တော်တို့က ဘယ်တုန်းကမှ မမြင်ဘူးတဲ့ပုံစံမျိုးနဲ့ အီရန်သားတွေကို ဖျစ်ညှစ်နေပါတယ်”ဟု ဘက်ဆန့်က ပြောကြားခဲ့သည်။

အီရန်မှပြည်ပသို့ထွက်ခွာမည့် လေကြောင်းခရီး ၈၀ သို့မဟုတ် ၉၀ ရာခိုင်နှုန်း ကျော်သည်ရပ်သွားပြီဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ဖြည့်စွက်ပြောခဲ့သည်။ ကုလသမဂ္ဂကို ရောက်နေသည့် အီရန်ကိုယ်စား လှယ်များမည်သို့ အိမ်ပြန်မလဲဆိုသည်မှာ မသေချာဟု ဆိုသည်။
Ref: AFP

မူရင်းသတင်း — Eleven Media Group