Eleven Media Group

■ သံဖြူဇရပ် - ရေးကားလမ်း ကားလမ်းတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနာက် ပြန်လည်လွတ်မြောက်

သံဖြူဇရပ် - ရေးကားလမ်း ကားလမ်းတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနာက် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်က သံဖြူဇရပ် - ရေးကားလမ်း သံဖြူဇရပ်မြို့နယ် ရွာသာအေးကျေးရွာအနီး ဇမြွန်းပင်လမ်းဆုံတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား ရပ်တန့်စေပြီး တပ်မတော်သားများနှင့် ဝန်ထမ်းများ ပါရှိလာမှု ရှိ/မရှိ စစ်ဆေးနေစဉ် သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်သွားသည့် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ အသက် (၂၉) နှစ်အရွယ် သံဖြူဇရပ် - ရေးကားလမ်း ဦးမျိုးသီဟမှာ ထိုလက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဦးမျိုးသီဟ ကိုင်ဆောင်တဲ့ ဖုန်းကို လက်နက်ကိုင်အဖွဲ့က စစ်ဆေးတဲ့အခါမှာ စားသုံးသူရေးရာဦးစီးဌာနရဲ့ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဓါတ်ပုံတွေ တွေ့ရှိခဲ့လို့ ဖမ်းဆီးသွားတလို့ သိရပါတယ်” ဟု ပြောကြားသည်။
ဦးမျိုးသီဟ အား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သံဖြူဇရပ်မြို့နယ် အောင်သပြေကျေးရွာရှိ နေအိမ်တစ်လုံးတွင် ချုပ်နှောင်ထားခဲ့ကြောင်းနှင့် စက်တင်ဘာလ (၂၃) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် ၎င်းအား ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ ဦးမျိုးသီဟ မှာ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်းနှင့် ရေးမြို့နယ်ဘက်သို့ အလုပ်ကိစ္စဖြင့် သွားရောက်စဉ် ယင်းကဲ့သို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည။

အဆိုပါ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ သံဖြူဇရပ် - ရေးကားလမ်းအပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေကြကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

မူရင်းသတင်း — Eleven Media Group