Eleven Media Group

ပြည်တွင်းစက်သုံးဆီဈေးများ သိသိသာသာမြင့်တက်လာပြီး 92 အမျိုးအစားဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ်ဆီ ၆၄၀ ကျပ်သို့ မြင့်တက်

ပြည်တွင်းစက်သုံးဆီဈေးများ သိသိသာသာမြင့်တက်လာပြီး 92 အမျိုးအစားဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ်ဆီ ၆၄၀ ကျပ်သို့ မြင့်တက်လာကြောင်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ သိရသည်။

စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် ဈေးနှုန်းများအရ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာ ၄၄၅၀ ကျပ်၊ 95 Ron တစ်လီတာ ၄၆၀၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄၇၉၀ ကျပ်နှင့်ပရီမီယံဒီဇယ် တစ်လီတာ ၅,၇၉၅ ကျပ်အထိ ရှိကြောင်း သိရသည်။

ယင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ရောင်းချခဲ့သည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက 92 အမျိုးအစားဓာတ်ဆီ တစ်လီတာ ၆၂၅ ကျပ်၊ 95 အမျိုးအစားဓာတ်ဆီ တစ်လီတာ ၆၅၀ ကျပ်၊

ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ်အထိ အသီးသီးဈေးမြင့်တက်လာခြင်းဖြစ်သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထုတ်ပြန်ပေးလျက်ရှိပြီးသတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးနှုန်းမမှန်ကန်မှုများရှိပါက ကော်မတီသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

မူရင်းသတင်း — Eleven Media Group