
မီဒီယာဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ကြည့်။ မီဒီယာဆိုတဲ့ သဘောက အစိုးရတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တွေကို အများပြည်သူ သိရှိစေရန်၊ ပြည်သူများရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို တာဝန်ရှိသူများ သိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကြားခံအနေနဲ့ ဆောင်ရွက်ပေးသူများကို မီဒီယာသမားများ လို့ ခေါ်ဆိုပါတယ်။ ဒါက ရိုးရိုးရှင်းရှင်း မီဒီယာရဲ့ သဘောပါ။ မီဒီယာမှာတော့ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ နိုင်ငံရေး၊ အနုပညာ၊ နည်းပညာ အစရှိသဖြင့် တစ်လိုင်းစီ လုပ်ဆောင်နေတာမျိုး ရှိသလို ကဏ္ဍစုံမီဒီယာတွေလည်း ရှိပါတယ်။ အဓိက ပြောချင်တာတော့ နိုင်ငံရေးမီဒီယာများ ဖြစ်ပါတယ်။
နိုင်ငံရေးမီဒီယာဆိုတာက ဝင်ငွေအားဖြင့် ကူညီပံ့ပိုးမှုမရှိရင် ရပ်တည်ရန် မလွယ်ကူပါဘူး။ ကျွန်တော်တို့တွေ ရပ်တည်ဆောင်ရွက်နေတယ်ဆိုတာလည်း ကိုယ့်အသိမိတ်ဆွေ၊ အပေါင်းအသင်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
အဲဒီတော့ နိုင်ငံရေးမီဒီယာအဖြစ် ရေရည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ကူညီပံ့ပိုးမှု ရနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အဲဒီနည်းက ယခုလက်ရှိ DVB, Mizzima, The Irrawaddy, Khit Thit, Myanamr Now အပါအဝင် မြန်မာပြည်တွင်းမှာ တရားဝင် မှတ်ပုံတင်ပြီး ရပ်တည်နေခြင်း မဟုတ်သော်လည်း အကူအညီအထောက်အပံ့တွေရပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင်၊ မရှိတဲ့ လူမျိုးကို အရှိလုပ်ပြီး ရေးသားဖြန့်ဝေတာမျိုးတွေ လုပ်ဖို့ အလုံးအရင်းနဲ့ ကူညီပံ့ပိုးတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အစိုးရနဲ့ မီဒီယာအစည်းမကပ်ဘူး။ မီဒီယာတွေက အစိုးရကို အစဉ်သဖြင့် အပုပ်ချစော်ကားပြီး မဖွယ်မရာတွေ ရေးသားနေတယ်ဆိုတာက အဲဒီလို အထောက်အပံ့ကောင်းတွေ ရနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
လက်ရှိ မြန်မာ့အရေးနဲ့ ဆက်စပ်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ၂၀၂၀ မှာ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့ NLD ပါတီဟာ CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတာ ကြာပါပြီ။ အဲဒီ CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေက သူတို့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နိုင်နေတယ်ဆိုတဲ့ အင်အားဟာ ငွေကြေးပမာဏနဲ့ တွက်ရင် အင်မတန်များပြားလွန်းတဲ့ ပမာဏရှိပါတယ်။ ဆိုရင် NUG, CRPH အဖွဲ့ဝင်တွေဟာ ရေနံတွင်းပိုင်းရှင်တွေလား၊ လုပ်ငန်းရှင်ကြီးတွေလား စုံစမ်းကြည့်ရင် ရေနံတွင်းပိုင်ရှင်ကြီးတွေလည်း မဟုတ်သလို မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ လုပ်ငန်းရှင်တွေလည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားအဖြစ် ရပ်တည်လှုပ်ရှားပြီး လုပ်ငန်းရှင်တွေဆီက ငွေညှစ်နေသူတွေ၊ အများပြည်သူကြား ဖြစ်ပေါ်တဲ့ ပြဿနာတွေမှာ မူတည်ပြီး ငွေရှာနေကြသူတွေ ဖြစ်ပါတယ်။ NLD အာဏာမရခင် က ဆံပင်ညှပ်နေတဲ့သူက NLD အာဏာရတဲ့ကာလ၊ လွှတ်တော်အမတ်ဖြစ်လာတော့မှ နေ့ချင်းညချင်း ခြံတွေဝယ်၊ တိုက်တွေဆောက်၊ ကားတွေဝယ် ဆိုတာက မရိုးဖြောင့်သောနည်းလမ်းနဲ့ ရရှိလာတဲ့ ငွေကြေးပိုင်ဆိုင်မှုတွေဆိုတာ သိသာထင်ရှားပါတယ်။
အဲဒီလို လူတွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကျက်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်နိုင်တယ်ဆိုရင်တောင် ကာလအပိုင်းအခြားတစ်ခုပါပဲ။ ရေရှည်ရပ်တည်ဖို့ မလွယ်ပါဘူး။ ဒါဆိုရင် မြန်မာပြည်အတွင်းမှာ NUG, CRPH အကြမ်းဖက်အဖွဲ့တွေက သူတို့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများထံ လက်နက်ခဲယမ်း၊ ဒရုန်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ပံ့ပိုးနိုင်တယ်။ စားနပ်ရိက္ခာအတွက်လည်း ပံ့ပိုးနိုင်တယ်ဆိုတာ သူတို့ကိုယ်ပိုင်ငွေနဲ့ မဟုတ်ဘဲ သူတို့ရဲ့ နောက်ကွယ်မှာ ရေနံတွင်းပိုင်ရှင်ကြီးတွေ၊ ကမ္ဘာ့ထိပ်တန်း သူဌေးကြီးတွေ ရှိနေတယ်ဆိုတာ သေချာတဲ့အချက်ပါပဲ။
NUG, CRPH နဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူ မိန့်ကြားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင် ဟာ အိုအိုင်စီနဲ့ လက်မှတ်ရေးထိုးထားတယ်။ သူတို့နိုင်ခဲ့ရင် ဘင်္ဂါလီများကို လူမျိုးလိမ်နာမည်နဲ့ အသိအမှတ်ပြုပေးပါမယ်ဆိုတဲ့ သဘောတူညီချက် ရှိနေပါတယ်။ ဆရာတော်ရဲ့ မိန့်ကြားချက်ဟာ ခိုင်လုံပြီး ယုတ္တိရှိပါတယ်။ ဘာကြောင့်လဲဆိုရင် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှာ လူမျိုးလိမ်နာမည်ကို လက်မခံတဲ့ အနုပညာသမားတချို့ အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ နောက်ကို လိုက်ပါသွားကြတယ်။ သူတို့ရဲ့ အမျိုးသားရေးရပ်တည်ချက်ကို ရိုက်ချိုးခံလိုက်ရတယ်။ လူမျိုးလိမ်အမည်ကို လက်ခံပါတယ်လို့ ထုတ်ဖော်ပြောဆိုရတာတွေ ရှိခဲ့တယ်။ Mizzima သတင်းမှာ ရေးသားဖော်ပြခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။
နောက်တစ်ချက် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် ပြောကြားသွားတဲ့ မိန့်ခွန်းကို အသေအချာလေ့လာကြည့်မယ်ဆိုရင် -
"အစ္စရေးပြည်သူများ၏ သတ္တိကို ကျွန်ုပ် လေးစားဂုဏ်ပြုပါတယ်။ ဂျူး၊ ခရစ်ယာန်၊ ဒရူးစ် (Druze) နှင့် မွတ်စလင် စသည့် ဘာသာဝင်များ ပါဝင်ဖွဲ့စည်းထားသော ကျွန်ုပ်တို့၏ ရဲရင့်သည့် စစ်သည်တော်များ၏ သတ္တိကိုလည်း ကျွန်ုပ် လေးစားဂုဏ်ပြုပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် ကိုယ်ကျင့်တရားအကောင်းဆုံး စစ်တပ်ဖြစ်သည့် IDF တပ်ဖွဲ့ဝင်များပင် ဖြစ်ကြပါတယ်။ ၎င်းတို့သည် စစ်မျက်နှာပေါင်း ခုနစ်ခုတွင် သုံးနှစ်ကြာအောင် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သို့သော် ဤစစ်ပွဲတွင် စစ်မျက်နှာ အဋ္ဌမမြောက် (၈ ခုမြောက်) တစ်ခု ရှိနေပါသေးတယ်။ ၎င်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်ခြင်းပင် ဖြစ်ပါတယ်။ ဤတိုက်ပွဲကို ကမ္ဘာ့မီဒီယာများတွင်သာမက အန္တရာယ်အကြီးမားဆုံးဖြစ်သည့် ဆိုရှယ်မီဒီယာများတွင်ပါ ဆင်နွှဲလျက်ရှိပါတယ်။ နိုင်ငံအချို့သည် ကျွန်ုပ်၏နိုင်ငံနှင့်ပတ်သက်၍ မုသားစကားများ ဖြန့်ဝေရန်အတွက် မရေမတွက်နိုင်သော ဘီလီယံပေါင်းများစွာကို သုံးစွဲခဲ့ကြပါတယ်။ ထိုသို့ပြုလုပ်ခဲ့သည့် ပထမဆုံးနိုင်ငံမှာ ကာတာ (Qatar) နိုင်ငံ ဖြစ်ပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ၎င်းတို့သည် အမေရိကန် တက္ကသိုလ်များနှင့် Al-Jazeera ကဲ့သို့သော အဆိပ်သင့်စေသည့် (အဖျက်သဘောဆောင်သော) မီဒီယာဌာနများကို ကြီးမားစွာ ငွေကြေးထောက်ပံ့မှု စတင်ပြုလုပ်ခဲ့ပါတယ်။ ဥရောပတွင်လည်း ထိုနည်းတူပင် ပြုလုပ်ခဲ့ကြပါတယ်" လို့ ပြောဆိုသွားပါတယ်။
အစ္စရေးဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို ထောက်ရှုကြည့်ခြင်းအားဖြင့် အနောက်အုပ်စုမီဒီယာများဖြစ်တဲ့ Times, CNN, BBC, Reuter အပါအဝင် နာမည်ကျော်မီဒီယာကြီးများနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေရဲ့ သတင်းတည်ဆောက်ပုံတွေက တူညီနေတာကို ကြည့်ရင် တူညီတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အထောက်အပံ့ရနေတယ်ဆိုတာကို သိသာထင်ရှားစေပါတယ်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ အမျိုးသားရေးသံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေက လူမျိုးလိမ်နာမည်ကို လက်မခံကြောင်းပြောလို့ BBC သတင်းထောက်တစ်ဦးက ဆရာတော်ကို ရန်ပြုပြောဆိုသည်အထိ ကြုံတွေ့ခဲ့တာတွေက အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများသည် မီဒီယာများကို ငွေနဲ့ brainwash လုပ်ထားပြီဆိုတာ သိသာလွန်းနေပါတယ်။
နောက်တစ်ချက် သတိထားကြည့်မိမယ်ဆိုရင် အဲဒီ ကမ္ဘာကျော်မီဒီယာကြီးတွေဟာ ကမ္ဘာအရပ်ရပ်မှာ ဖြစ်နေတဲ့ ရွှေ့ပြောင်းခိုးဝင်တွေ အရေးကို အစဉ်တစိုက် ကာကွယ်ရေးသား ဖော်ပြကြတာကိုလည်း သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ အထူးအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းကို ခိုးဝင်တဲ့ ဘင်္ဂါလီများသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်သလို အနောက် ဥရောပနိုင်ငံများမှာ ရင်ဆိုင်နေရတဲ့ ခိုးဝင်ပြဿနာမှာလည်း အာဖဂန်၊ လစ်ဗျား၊ ဆီးရီးယား အစရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေပဲ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့လို နေရာမျိုးမှာတောင် ခိုးဝင် အစ္စလာမ်ဘာသာဝင်တွေ တစ်စတစ်စ များပြားလာပြီး အိမ်ရှင်ခရစ်ယာန်ဘာသာဝင်တွေ ရန်ပြုစော်ကားခံရတဲ့ အနေအထားမျိုးအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ကမ္ဘာကျော်မီဒီယာကြီးတွေက ခိုးဝင်တွေအတွက် အခြေချနေထိုင်ခွင့်ကို လူ့အခွင့်အရေးဆိုတဲ့ ရှုထောင့်ကနေ ကာကွယ်ရေးသား ဖြန့်ဝေကြပါတယ်။ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့် ပြောသလို ခိုးဝင်တာ လူ့အခွင့်အရေးမဟုတ်ဘူး။ အချုပ်အခြာအာဏာကို ကာကွယ်တာ လူ့အခွင့်အရေးဆိုတဲ့ အမြင်မျိုး ဘာကြောင့် မရှိတာလဲ။ တစ်ဖက်မှာ ပြန်ကြည့်ရင် ကာတာက အမေရိကန်သမ္မတကြီးကို လက်ဆောင်ပေးထားတဲ့ လေယာဉ်ကြီးရဲ့ တန်ဖိုးကလည်း မနည်းဘူး။ ပြန်ဆန်းကြည့်ရင် မီဒီယာအတွက်ဖြစ်စေ၊ သဘောထားတင်မာသော အစိုးရအကြီးအကဲများအတွက် ဖြစ်စေ ကာတာလို နိုင်ငံမျိုးဟာ ငွေကြေးကို အကန့်အသတ်မရှိ အသုံးပြုနိုင်စွမ်း ရှိတဲ့ အချင်းအရာကို မြင်တွေ့နိုင်ပါတယ်။ သို့သော် ဒီလိုတွေ လက်ဆောင်ရထားလို့လည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားရေးရပ်တည်ချက်က သူ့နိုင်ငံထဲ ခိုးဝင်အခြေချနေထိုင်ခွင့်ကို ခွင့်မပြုသလို ဥရောပနိုင်ငံများမှာ ဖြစ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးပြဿနာများကိုလည်း မကြာခဏ မီးမောင်းထိုးပြလေ့ ရှိပါတယ်။
အစ္စရေးဝန်ကြီးချုပ်ရဲ့ မိန့်ကို ပြန်ကောက်ကြည့်ရင် -
"၎င်းတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပြတ်သားပါတယ်။ လူငယ်များ၏ စိတ်ကို အစ္စရေး၊ အမေရိကန်နှင့် အနောက်ကမ္ဘာကို မုန်းတီးလာစေရန် ဦးနှောက်ဆေးကြောခြင်း (brainwash) ပြုလုပ်ရန်ပင် ဖြစ်ပါတယ်။ ဤသည်မှာ အောက်တိုဘာလ ၇ ရက်နေ့က ကျူးလွန်ခဲ့သော ဟာမာ့စ် (Hamas) အဖွဲ့မှ လူသတ်သမားများကို လက်ခံထားသည့် ကာတာနိုင်ငံပင် ဖြစ်ပါတယ်။ ဂျူးလူမျိုးမုန်းတီးရေးဆိုင်ရာ မုသားစကားများကို အကြီးအကျယ် ဖြန့်ဝေသူဖြစ်လာသည့် နောက်ဆုံးနိုင်ငံမှာ တူရကီ (Turkey) နိုင်ငံ ဖြစ်ပါတယ်။ သူသည် EU အဖွဲ့ဝင်နိုင်ငံဖြစ်သော မြောက်ပိုင်းဆိုက်ပရပ်စ် (Northern Cyprus) ကို တရားမဝင် သိမ်းပိုက်ထားပြီး NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော ဂရိနိုင်ငံကိုလည်း မကြာခဏ ကျူးကျော်လျက်ရှိပါတယ်။ ယခုအခါ သူသည် ဆီးရီးယားနိုင်ငံကိုပါ သိမ်းပိုက်ချင်နေပါတယ်။ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး၊ အဘယ်ကြောင့်ဆိုသော် သူသည် နေ့စဉ်ရက်ဆက်လိုပင် အစ္စရေးနိုင်ငံ ပျက်စီးရေးကို တောင်းဆိုနေသူဖြစ်သောကြောင့်ပါ။ ဂျေရုဆလင်မြို့ကို အုပ်စိုးသူ ဖြစ်လာမည်ဟုလည်း သူက ပြောဆိုနေပါသေးတယ်။ မဖြစ်ပါဘူး။ ခင်ဗျား ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့နိုင်ငံ၊ ကျွန်တော်တို့ရဲ့မြို့၊ ကျွန်တော်တို့ရဲ့ ထာဝရမြို့တော် ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ အာဏာရှင်များသည် ကျွန်တော်တို့ကို ခြိမ်းခြောက်ရန် ကြိုးပမ်းကြပြီး မုသားစကားများဖြင့် ကျွန်တော်တို့၏ စိတ်ပိုင်းဖြတ်ချက်ကို အားနည်းသွားစေရန် ကြိုးစားနေကြပါတယ်" လို့ ပြောဆိုသွားပါတယ်။
အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်များနဲ့ ဂါဇာမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ချိန်ထိုးကြည့်ရင် ကမ္ဘာကျော်မီဒီယာကြီးတွေပါဆိုတဲ့ သတင်းဌာနတွေမှာ ရေးသားဖော်ပြခဲ့တာတွေက အစ္စရေးဘက်ကို သဘောထားတင်မာသူ၊ အကြမ်းဖက်သူများအဖြစ် ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ ပါလက်စတိုင်းတွေကို စာနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်။ ကမ္ဘာကျော်မီဒီယာကြီးတွေမှာ ဖော်ပြတာမျိုး မတွေ့ခဲ့ရဘူး။ အစ္စရေးအနေနဲ့ ပါလက်စတိုင်း အရပ်သားပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နိုင်ဖို့ အသိပေး လက်ကမ်းစာဆောင်တွေ ကြဲချပေးတာ၊ ဖုန်းမက်ဆေ့တွေ ပေးပို့တာမျိုးတွေလည်း လုပ်ခဲ့တယ်။ ပါလက်စတိုင်းနယ်မြေအတွင်းရှိ ဗလီတွေ၊ ဆေးရုံတွေမှာ ဟားမက်စ်အကြမ်းဖက်သမားတွေက ပါလက်စတိုင်းပြည်သူတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့တာတွေကို မီးမောင်းထိုးရေးပြခဲ့ အခြေအနေမျိုး မမြင်တွေ့ခဲ့ရပါဘူး။ အယ်ဂျားဇီးယားကတော့ အစ္စလာမ်းမစ်မီဒီယာဖြစ်လို့ အစ္စလာမ်းမစ်အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးတာ မထူးဆန်းပါဘူး။ သို့သော် ကမ္ဘာကျော် မီဒီယာကြီးတွေက ဘာကြောင့် ဒီအခြေအနေတွေကို မီးမောင်းထိုးပြဖို့ ပျက်ကွက်ခဲ့တာလဲ။
မြန်မာပြည်ရဲ့ အခြေအနေကို ပြန်လှည့်ကြည့်လိုက်ရင် လက်ရှိ နိုင်ငံတော်သမ္မတကြီးကို Time မဂ္ဂဇင်းသတင်းထောက်က လာရောက်တွေ့ဆုံမေးမြန်းတယ်။ မူလ အဆိုပြုချက်မှာတော့ ရွှန်းရွှန်းဝေ ပြောဆိုထားတယ်။ တကယ်တန်း Time မဂ္ဂဇင်းကနေ အများပြည်သူထံ ဖြန့်ဝေလိုက်တဲ့အခါကြတော့ မဖွယ်မရာ ပုံပျက် ပန်းပျက် လုပ်ကြံဖန်တီး ဖော်ပြသွားခဲ့တယ်။ ဘာများတတ်နိုင်မှာလဲ။ သူ့တို့လက်ထဲမှာ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိနေတယ်။ ဒါက သာမာန်အဆင့် အောက်တန်းကျတဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။ စနစ်တကျ ဖန်တီးပြီး အောက်တန်းကျစွာ လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
အခုဆိုရင် ဒါကို အကြောင်းပြုပြီး ပြည်ဖျက်မီဒီယာတွေမှာလည်း Time မဂ္ဂဇင်းက မဖွယ်မရာဖော်ပြထားတဲ့ တစ်ပုံတည်းသော ယုတ်ညံ့အောက်တန်းကျစွာ ဖော်ပြထားတဲ့ ဓာတ်ပုံကို ရယူအသုံးပြုပြီး မဖွယ်မရာ ရေးသားဖြန့်ဝေမှုတွေ ပုံစံမျိုးစုံ လုပ်ဆောင်နေကြပါပြီ။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အစိုးရပိုင်မီဒီယာအချို့ကလွဲရင် ကမ္ဘာကျော်မီဒီယာများစုဟာ အစ္စလာမ်းမစ်နိုင်ငံများရဲ့ အထောက်အပံ့ကို ရယူပြီး အစ္စလာမ်းမစ်နိုင်ငံများ အလိုကျ ပုံဖော်ရေးသားတဲ့ မီဒီယာများအဖြစ် ရပ်တည်လျက်ရှိပါတယ်။ အစ္စလာမ်းမစ်အုပ်စုက ကမ္ဘာ့မီဒီယာအင်အား ၁၀၀ ရာခိုင်နှုန်းနီးပါးကို ချုပ်ကိုင်သွားပြီလို့ ပြောရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ရေးသားဖြန့်ဝေမှု ပုံစံတွေကလည်း ဆင်တူရိုးမှား flow တွေက ထပ်တူကျနေတာကို သတိပြုရမှာ ဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုး ဖြစ်နေသည့်တိုင်အောင် အချို့သော နိုင်ငံခေါင်းဆောင်များ၊ အချို့သော နိုင်ငံရေးသမားများက Time, BBC, CNN, အယ်ဂျားဇီးယားတို့လို သတင်းဌာနတွေနဲ့ ခေါ်ယူတွေ့ဆုံ ပြောဆိုရတာကို အရသာတွေ့နေတာဟာ မှားယွင်းနေသလား ပြန်စဉ်းစားရမယ့် အချက်ပါ။ အမေရိကန်သမ္မတ ကိုယ်တိုင်သည်ပင် အမေရိကန် မီဒီယာတွေကို မယုံကြည်တော့လို့ Trump TV က သူထုတ်ပြန်ချင်တဲ့ သတင်းကို ထုတ်ပြန်မယ့် အခြေအနေမျိုး မြင်တွေ့လာရပါတယ်။ ဒါက အထူးသတိပြုသင့်တဲ့ အခြေအနေဖြစ်သွားပါပြီ။
ယနေ့ခေတ် အခြေအနေနဲ့ တွက်ဆကြည့်ရင် အများပြည်သူထံ သတင်းစကားများ ဖြန့်ဝေဖို့ Time, CNN, BBC ဆိုတာတွေ မလိုအပ်တော့ပါဘူး။ လူမှုကွန်ရက်ကို ကောင်းစွာအသုံးချပြီး ကောင်းမွန်မှန်ကန် တိကျတဲ့ သတင်းစကားများကို ကိုယ်တိုင် တိတိကျကျ ဖြန့်ဝေနိုင်တဲ့ ခေတ်အခါ ဖြစ်ပါတယ်။ မီဒီယာသမားများ ဆိုသည်မှာလည်း အပြုသဘောထက် သူတို့ကို နောက်ကွယ်က ကူညီပံ့ပိုးပေးနေသူများရဲ့ အလိုကျ ပုံဖော်ရေးသား ဖြန့်ဝေနေကြတာကို သိသိသာ မြင်တွေ့လာရပြီ။ သူတို့တွေ မည်သို့ပင် မျက်နှာချိုသွေးနေစေကာမူ သူတို့ရဲ့ အစ္ဇျတ္တမှာ သူတို့ကို အစဉ်သဖြင့် ကူညီပံ့ပိုးပေးနေသူတွေ အလိုကျ လုပ်ဆောင်ရမယ်ဆိုတဲ့ မသိစိတ်က လွှမ်းမိုးထားပါတယ်။
တကယ်တန်း အစိုးရအနေနဲ့ မီဒီယာကို ကောင်းစွာအသုံးချမယ်ဆိုရင် အရေးသုံးပါးကို အလေးထားပြီး အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ အပြည့်အဝရှိတဲ့ မီဒီယာတွေကို ကောင်းစွာအသုံးချရမှာ ဖြစ်ပါတယ်။ ဟုတ်တိုင်းမှန်စွာ ပြောရရင် ကျွန်တော်တို့ အမျိုးသားရေးမီဒီယာအဖြစ် ရပ်တည်ခဲ့ပါတယ်။ အထူးသဖြင့် ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးရေးသားမှုတွေကို အံတုရင်ဆိုင်ဖို့ပါ။ သို့သော်လည်း ကမ္ဘာကျော်မီဒီယာကြီးများကို အစ္စလာမ်းမစ်နိုင်ငံများက မမြင်နိုင်တဲ့ လက်နဲ့ ဘီလီယံပေါင်းများစွာ အကုန်အကျခံပြီး ချုပ်ကိုင်ထားနိုင်ပြီဆိုမှာဖြင့် ကျွန်တော်တို့ရဲ့ တုန့်ပြန်မှု အင်အားဟာ ဆင်နဲ့ ဖြုတ်လောက် ကွာပါတယ်။
အဲဒီတော့ မီဒီယာရဲ့ သဘောသရုပ်မှန်က အမှန်ကို အမှန်အတိုင်း ဟုတ်တိုင်းမှန်စွာ ဖြန့်ဝေဖို့သာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူကြား လိုအပ်ချက်တွေကို မီးမောင်းထိုးပြနိုင်ဖို့ ဖြစ်ပါတယ်။ သို့သော် ယနေ့ခေတ် မီဒီယာရဲ့ သဘောက အဲဒီလို မရိုးရှင်းတော့ပါဘူး။ နောက်ကွယ် မမြင်နိုင်တဲ့ လက်တစ်စုံရဲ့ ကြိုးကိုင်မှုအောက်မှာ ကမ္ဘာ့အင်အားကြီး မီဒီယာ ရာနှုန်းပြည့်နီးပါး က လည်ပတ်နေပြီဖြစ်လို့ မီဒီယာကို ကြိုးကိုင်နိုင်ခြင်း မရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်အဆင့် အကြီးအကဲများအနေနဲ့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးတွေနဲ့ တွေ့ဆုံ ပြောဆိုရာမှာ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ မတွေ့ရလေ ကောင်းလေပါပဲ။
ပြည်ဖျက်မီဒီယာတွေက အစဉ်သဖြင့် ရပ်တည်နေနိုင်ပြီး ပြည်တွင်းမီဒီယာတွေက ဘာကြောင့်ချည့်နဲ့နေရတာလဲလို့ မေးရင် ပြည်ဖျက်မီဒီယာတွေဟာ ရေနံတွင်းတွေက ရေနံတွေ ထွက်နေသ၍ ကူညီပံ့ပိုးမှု ရနေမှာ ဖြစ်ပြီး ရပ်တည်နေနိုင်မှာ ဖြစ်ပါတယ်။ အစဉ်သဖြင့် ရပ်တည်နိုင်ဖို့ရာမှာ ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းရဲ့ လိုလားချက်ကို အစဉ်သဖြင့် ပုံဖော်ပေးနေရမှာ ဖြစ်ပါတယ်။ သူတို့လိုလားချက်ကို အစဉ်သဖြင့် ပုံဖော်ပေးနေမှ ကူညီပံ့ပိုးမှုလည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါတွေကို ထောက်ရှုပြီး လူမျိုးလိမ်အရေးနဲ့ ပတ်သက်လို့ စာရေးသူ မကြာခဏ ထောက်ပြနေတာက ပြည်ဖျက်မီဒီယာတွေ ဖြစ်တဲ့ DVB, Mizzima, The Irrawaddy, Myanmar Now, Khit Thit Media ဆိုတဲ့ မီဒီယာတွေက ကောင်တွေ တစ်ခါလောက် တိုင်းပြည်အပေါ်မှာ သစ
ပြည်တွင်းမှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ ရပ်တည်နေကြတဲ့ မီဒီယာတွေမှာတော့ ကူညီပံ့ပိုးပေးရန် တောင်းဆိုဖို့ရာမှာကလည်း နိုင်ငံရေးမီဒီယာဆိုရင် စီးပွားရေးအရ အသုံးချလို့က မရတော့ ကူညီပံ့ပိုးလိုသူလည်း နည်းပါတယ်။ နိုင်ငံတော်မှာကလည်း နိုင်ငံတော်ပိုင် မီဒီယာက ရှိနေပြီးသားဖြစ်လို့ ပုဂ္ဂလိက မီဒီယာများကို အတိုင်းထက်အလွန် ကူညီပံ့ပိုးပေးဖို့ ရာမှာလည်း အခက်အခဲ ရှိပါတယ်။ ပါတီကြီးတွေဆိုသည်မှာလည်း သူ့အတိုင်းအတာနဲ့သူ ကိုယ်ပိုင်မီဒီယာတွေ တည်ဆောက်ထားပြီးဖြစ်ပါတယ်။ ကမ္ဘာကျော် မီဒီယာကြီးတွေလို့ ထင်ရတဲ့ အောက်တန်းစားမီဒီယာတွေက ကိုယ့်တိုင်းပြည်ရဲ့ ပုံရိပ်၊ ကိုယ့်တိုင်းပြည် ခေါင်းဆောင်ရဲ့ ပုံရိပ်ကို ကမ္ဘာ့အလယ်မှာ မဖွယ်မရာ ပုံပျက်ပန်းပျက် ဖော်ပြသွားတာကို တွေ့ရ မြင်ရတော့လည်း ဆင်အားကို ဖြုတ်အားဖြင့် အံတုရင်းဖြင့်သာ ဖြေသိမ့်လိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar