ခရမ်း ,စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ခရမ်းမြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဥ်း၍ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါရှိမှု ရှိ/မရှိစားသုံးသူရေးရာဦးစီးဌာန၊ ကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နဲ့ကိုက်ညီမှု ရှိ၊မရှိ သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်များ ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူ ရေးရာ ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ခင်နှင်းဝေ
https://t.me/MyanmarNationalPost