Myanmar National Post

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း တောင်ကျ ချောင်းရေတိုက်စားမှုကြောင့် တံတားပျက်စီးမှုနှင့် လမ်းပိုင်းပျက်စီးမှုများအား ကြည့်ရှု စစ်ဆေး




နေပြည်တော်, စက်တင်ဘာ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ယမန်နေ့ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ဇီးရိုင်းချောင်း တောင်ကျရေစီးဆင်းမှုကြောင့် ကူးတို့ဆိပ်အုပ်စု၊ ဇီးရိုင်းကျေးရွာနှင့်သစ်တွန်အုပ်စု၊ ဖလောင်းကျေးရွာတို့သို့ဆက်သွယ်ထားသည့် အလယ်ကူးချောင်းတံတား အရှည် ပေ ၆၀၊ အကျယ် ၁၄ ပေ၊ ဘေလီ တံတား ချဉ်းကပ်လမ်းရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေကို နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် ကူးတို့ဆိပ်အုပ်စု၊ ဇီးရိုင်းကျေးရွာနှင့် သစ်တွန်အုပ်စု၊ ဖလောင်း ကျေးရွာတို့သို့ဆက်သွယ်ထားသည့် အလယ်ကူးချောင်း ဘေလီတံတားသို့ရောက်ရှိကာ တံတား ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ကျည်တောင်-မွန်းတည့်ခွင် လမ်း မိုင်တိုင် ၄/၁၂ အနီး ရေတိုက်စားမှုကြောင့် မြေကျွန်ကျမှုဖြစ်ပွားခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများကို မှာကြားသည်။ ပျဉ်းမနားမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ဖလောင်းကျေးရွာနှင့် အရှေ့ခြမ်း တောင်ပေါ်ဒေသသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသည့် 11KV ဓာတ်အားလိုင်းသွယ်တန်းထားသည့်ဓာတ်တိုင်များ ပျက်စီးခဲ့သည့်အတွက် အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post