Myanmar National Post

မရမ်းကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ဝိုင်းဘုရားလမ်းမဘေး ဝဲ၊ ယာသို့ အနည်းငယ် ရေကျော်တက်

 


မရမ်းကုန်း ,စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က မိုသည်းထန်စွာရွာသွန်းခဲ့မှု‌ကြောင့် အမှတ် (၃) ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ မြေနိမ့်ပိုင်းများတွင် ကားလမ်းမဘေး ဝဲ၊ ယာသို့ အနည်းငယ် ရေကျော်တက်မှုဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေကျော်တက်လာမှုကြောင့် ကားလမ်းမဘေး ဝဲ၊ ယာနှင့် မြေနိမ့်ပိုင်းနေရာများတွင် အနည်းငယ် ရေကျော်တက်လာသဖြင့် မီးပွိုင့်၊ လမ်းဆုံများတွင် ယာဥ်ကြောများ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး အများပြည်သူသွားလာဆက်သွယ်ရေး အနည်းငယ်အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။ထိုနောက် မွန်းလွဲ ၅ နာရီခွဲခန့်တွင် မိုးရွာသွန်းမှုမရှိတော့သဖြင့် ရေများပြန်လည်ကျဆင်းခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှု လွယ်ကူခဲ့ကြောင်း သိရသည်။

ရဲရင့်သိန်းထွန်း 

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post