Myanmar National Post

ယူကရိန်းလယ်သမားတွေအတွက် တောင်းထားတဲ့ အကူအညီတွေကို ဥရောပသမဂ္ဂ က ပယ်ချ


စက်တင်ဘာ -  ၃၀

ဥရောပကော်မရှင်ဟာ ယူကရိန်း လယ်သမားတွေကို ထောက်ပံ့ဖို့အတွက် ဒေါ်လာ ၂၂၀ မီလီယံ ရန်ပုံငွေ တောင်းခံမှုကို ပယ်ချလိုက်ကြောင်း စိုက်ပျိုးရေးနှင့် အစားအသောက် မူဝါဒဆိုင်ရာ ဝန်ကြီး တာရာဗီစောစကီး  ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘလွန်းဘာဂ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သတင်းဖော်ပြချက်အရ ယူကရိန်းဟာ ဥရောပသမဂ္ဂ (အီးယူ) ထံမှ လက်ရှိ ရရှိနေတဲ့ ဘဏ္ဍာရေး အကူအညီတွေအပြင် အဓိက စိုက်ပျိုးရေး ကဏ္ဍအတွက် သီးသန့် ထောက်ပံ့မှု ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း လယ်သမားတွေကို ထောက်ပံ့ဖို့နဲ့ ဘဏ္ဍာရေး စနစ် လည်ပတ်နိုင်စေဖို့ အတွက် ယူရို ၂၂၀ မီလီယံ တောင်းခံမှုကို ဥရောပကော်မရှင်က ပယ်ချခဲ့တယ်လို့ ဝန်ကြီး က ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်းအနေနဲ့ လိုအပ်တဲ့ ရန်ပုံငွေကို ကမ္ဘာ့ဘဏ်ထံမှ ဒေါ်လာ ၂၅၀ မီလီယံတန် သက်သာသော အတိုးနှုန်းရှိ ချေးငွေကနေတစ်ဆင့် ရရှိသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ယူကရိန်းဟာ ဥရောပသမဂ္ဂအတွင်း လိုအပ်ချက်ရှိနေတဲ့ ထုတ်ကုန်တွေ တင်ပို့မှုကို မြှင့်တင်ဖို့ ကြိုးပမ်းသည့်အနေဖြင့် ၂၀၂၇ ခုနှစ်အတွက် ဇီဝအီသနော နဲ့ သကြား အခွန်ကင်းလွတ်ခွင့် တင်သွင်းမှု ကန့်သတ်ချက်(ကိုတာ) တွေကို တိုးမြှင့်ပေးဖို့ EU ထံ တောင်းဆိုခဲ့ပါသေးတယ်။ အကယ်၍ ဒီတောင်းဆိုမှုကို အတည်ပြုခဲ့ရင် အခြားသော စိုက်ပျိုးရေး ထုတ်ကုန်တွေအတွက်ပါ ကန့်သတ်ချက် တိုးမြှင့်ပေးဖို့ ဆက်လက် တောင်းဆိုသွားမှာဖြစ်ကြောင်း ဝန်ကြီး က ထပ်လောင်း ပြောကြားခဲ့ပါတယ်။


REF: Tass

#News #Myanmar

မူရင်းသတင်း — Myanmar National Post