ကံမ ,အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၂)ရပ်ကွက်တွင် စက်တင်ဘာ (၅) ရက် ည(၉)နာရီ(၅၀)မိနစ်အချိန်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုခြင်းများဖြစ်ပွားရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းခေါင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးသင့်ပြည်သူများအတွက် ယာယီနေထိုင်မည့် မြို့နယ်သာသနာ့ဗိမာန်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။အဆိုပါ မြစ်ကမ်းပါးပြိုခြင်းသည် လူနေအိမ်များနှင့် နီးကပ်လာသဖြင့် လူနေအိမ် (၃၆)လုံးတို့မှ နေထိုင်သူ လူဦးရေ(၁၀၀)ကျော်ခန့်အား ရွှေ့ပြောင်းပေးခဲ့ကြကြောင်းနှင့် လူ၊တိရစ္ဆာန်နှင့်ပစ္စည်းများ တစ်စုံတစ်ရာထိုခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
https://t.me/MyanmarNationalPost