တွန်းဇံ, အောက်တိုဘာ ၆
ချင်းပြည်နယ် တွန်းဇံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး (မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ) ဦးစိုးငြိမ်းထက်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် T Lungdeih ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ရန်ပုံငွေကျပ်(၁၀.၇၅၂၂)သန်းဖြင့် လူငယ်သင်တန်းကျောင်း၊ ရုံးခန်းနံကပ်(၁)ထပ်၊ ရန်ပုံငွေကျပ် (၄.၈၉၄၆)သန်းဖြင့် လူငယ်သင်တန်းကျောင်း၊ စတိုဆောင် RC (၁) ထပ်ပြုပြင်ခြင်းနှင့် Sian Kim ကုမ္ပဏီမှ ရန်ပုံငွေကျပ်(၁၈.၁၃၆)သန်းဖြင့် ဆောင်ရွက်သည့် လူငယ်သင်တန်းကျောင်း၊ ကျောင်းသားအိပ်ဆောင် နံကပ်(၁)ထပ်ပြုပြင်ခြင်း၊ G L Tonzang ကုမ္ပဏီမှ ရန်ပုံငွေကျပ်(၆.၃၇၉၀)သန်းဖြင့် ဆောင်ရွက်သည့် သာသနာဗဟိုကျောင်း ဆွမ်းစားဆောင်နံကပ်(၁)ထပ်ပြုပြင်ခြင်း၊ Sian Kim ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၁၇.၇၁၂၂)သန်းဖြင့် ဆောင်ရွက်သည့် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် နံကပ်(၁) ထပ်ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့သည် လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေးရာ၌ တွန်းဇံမြို့တွင် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အဦများအနက် (၄၂)လုံးကို ဒေသခံကုမ္ပဏီ(၁၆)ခုက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယနေ့အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု(၇၆.၄၂၈) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေးမှာကြားပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost