Myanmar National Post

နယူးယောက်မှာ ဝက်သက်ရောဂါ ပျံ့နှံ့နေလို့ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရ


အောက်တိုဘာ - ၇

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချောက အလျင်အမြန် ကူးစက်ပြန့်ပွားနေတဲ့ ဝက်သက်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်နယ်တစ်ခုလုံးဆိုင်ရာ ဘေးအန္တရာယ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန် အရှေ့မြောက်ပိုင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးခြင်းနဲ့ စစ်ဆေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့က ကြေညာခဲ့တဲ့ ဒီအရေးပေါ်အခြေအနေဟာ ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဝက်သက်ရောဂါကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်နယ်တစ်ခုက ပထမဆုံးအကြိမ် အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ်မှာ အောက်တိုဘာ ၃ ရက်နေ့အထိ အတည်ပြုလူနာ ၁၀၈ ဦးရှိခဲ့ပြီး အများစုမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတဲ့ ကျေးလက်ဒေသတွေက ဖြစ်ကြပါတယ်။

"နယူးယောက်ပြည်နယ်ရဲ့ နောက်ဆုံးရ ဝက်သက်ရောဂါ အချက်အလက်တွေကို သုံးသပ်ပြီးတဲ့နောက် ဒီရောဂါကို တိုက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေကို ပိုမို အားကောင်းစေဖို့ ပြည်နယ်အဆင့် ဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုကြောင့် ဘယ်သူမှ ပြင်းပြင်းထန်ထန် ဖျားနာတာ ဒါမှမဟုတ် သေဆုံးတာမျိုး မဖြစ်သင့်ပါဘူး" လို့ သူမ က ပြောကြားခဲ့ပါတယ်။

ဒီအရေးပေါ်အမိန့်ကို ကြားဖြတ်ရွေးကောက်ပွဲအပြီး နောက်တစ်ရက်ဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်နေ့အထိ အာဏာတည်သွားမှာဖြစ်ပြီး၊ ဝက်သက် ၊ ပါးချိပ်ရောင် နဲ့ ဂျာမန်ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးခွင့်နဲ့ စစ်ဆေးခွင့်ရှိတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက်ကို တိုးမြှင့်ပေးထားပါတယ်။ ဆေးဝါးကျွမ်းကျင်သူ တွေ အနေနဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေကိုပါ ကာကွယ်ဆေး ထိုးပေးခွင့် ရရှိမှာဖြစ်သလို၊ တာဝန်ခံ သူနာပြုတွေ ကလည်း သံသယဖြစ်ဖွယ် လူနာတွေကို စစ်ဆေးဖို့ ညွှန်ကြားခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ အိမ်နီးချင်း ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကူးစက်ခံရသူ ၁,၀၀၀ ကျော်လွန်ခဲ့တဲ့ ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှုကို ရင်ဆိုင်နေရချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး၊ ဆေးရုံတက်ရောက်ကုသရသူ ၂၀၀ နီးပါးနဲ့ ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင် အမေရိကန်ဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ဝက်သက်ရောဂါ ပြန်လည်ခေါင်းထောင်လာမှုကို ရင်ဆိုင်နေရတာပါ။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစခန်း (CDC) ရဲ့ မှတ်တမ်းများအရ အောက်တိုဘာ ၁ ရက်နေ့အထိ အတည်ပြုလူနာ ၃,၈၈၇ ဦးရှိခဲ့ပြီး၊ ဒါဟာ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးစာ စုစုပေါင်း ကူးစက်သူ ၂,၂၈၉ ဦးထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။


REF : RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post