
နိုင်ဂျီးယား လေတပ် လေယာဉ်သည် အောက်တိုဘာ ၅ ရက်တွင် နိုင်ငံ၏အနောက် တောင်ပိုင်းတွင် ပျက်ကျခဲ့သဖြင့် လေယာဉ် ပေါ်ရှိ လူ ၃၂ ဦးသေဆုံးခဲ့သည်ဟု သမ္မတဘို လာတီနူဘူးက ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး သုံးရက်ကြာဝမ်းနည်းကြောင်း ကြေညာခဲ့သည်။
ယခုလေယာဉ်ပျက်ကျမှုသည် အာဖရိ က၏လူဦးရေအများဆုံးနိုင်ငံတွင် လွန်ခဲ့ သောနှစ်များအတွင်း အဆိုးရွားဆုံးလေ ကြောင်း မတော်တဆမှုဖြစ်သည်။ခရီးသည်တင်လေယာဉ်သည် နိုင်ဂျီး ရီးယားတောင်ပိုင်းရှိ ဘီနင်မြို့မှ စီးပွားရေး အချက်အချာမြို့ လာဂို့စ်သို့ ပုံမှန်မစ်ရှင်ပျံ သန်းခြင်းဖြစ်ပြီး နံနက် ၉ နာရီတွင် ပျံတက် သွားပြီး မကြာမီ အနောက်တောင်ပိုင်းအွန်ဒို ပြည်နယ် အစ်ဘိုကိုဒါတွင် ပျက်ကျခဲ့ခြင်းဖြစ် သည်ဟု သမ္မတနှင့် လေတပ်တို့က ပြောကြား ခဲ့သည်။“ပျက်ကျရာတွင် ပါဝင်ခဲ့တဲ့ ခရီးသည် ၂၅ ဦးရဲ့မိသားစုတွေနဲ့ လေယာဉ်အမှုထမ်း ခုနစ်ဦးတို့ရဲ့မိသာစုတွေထံ သမ္မတက ဝမ်း နည်းစကားပြောကြားခဲ့ပါတယ်”ဟု တီနူဘူး ၏ရုံးက ထုတ်ပြန်ခဲ့သည်။
“ဒါဟာ ကျွန်တော်တို့ရဲ့စစ်တပ်နဲ့တစ် နိုင်ငံလုံးအတွက် နာကျင်စရာ အခိုက်အတန့် ဖြစ်ပါတယ်” ဟု သမ္မတက ပြောကြားခဲ့သည်။
တီနူဘူး ၏ပြောရေးဆိုခွင့်ရှိသူ ဘာယို အိုနာနူဂူက နောက်ပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ရာ၌ “သမ္မတက လေယာဉ်ပျက်ကျရာ မှာ သေဆုံးခဲ့တဲ့ လေတပ်သားတွေအတွက် သုံးရက်ကြာ တစ်နိုင်ငံလုံး ဝမ်းနည်းခြင်းကို ကြေညာခဲ့ပါတယ်”ဟု ဖော်ပြခဲ့သည်။
ယင်းလေတပ်သားများကို လေးစား ကြောင်းပြသသည့်အနေဖြင့် အလံများကို နိုင်ငံတစ်ဝန်းတွင် တိုင်ဝက်လွှင့်ထားရန် လည်း သမ္မတက ညွှန်ကြားခဲ့သည်။လေတပ်က သေဆုံးသူများ၏မိသားစု များထံ အကြောင်းကြားပြီးမှသာ သေဆုံးသူ တို့၏အမည်များကို ထုတ်ပြန်ပေးမည်ဟု သမ္မတရုံးက ပြောကြားခဲ့သည်။သမ္မတရုံးနှင့် လေကြောင်း ဝန်ကြီး ဖက်စတက်ကေယာမိုတို့၏ထုတ်ပြန်ချက်အ ရ လေယာဉ်သည် ရေတပ်အခြေစိုက်စခန်း အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။
ခရီးသည် ၃၀ နှင့် ၅၀ ကြား တင်နိုင် သော အင်ဂျင်နှစ်လုံးတပ် ATR-42 လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပျက်ကျရသည့်အကြောင်းရင်းကို ချက်ချင်း စုံစမ်းစစ်ဆေးရန် သမ္မတက ညွှန် ကြားထားသည်ဟု သိရသည်။
Ref: AFP