
နေပြည်တော်၊ အောက်တိုဘာ ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာလ ၄ ရက်နေ့ ၂၀၀၀ အချိန် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်နေ စိုင်းကျော်ထွန်း(ခ)အားဖျင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၈၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၉၆ သိန်း)၊ ကက်တမင်းအဆီရည် ၁.၃၇၅ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၄,၁၂၅ သိန်း)၊ စိတ်ကြွဆေးပြား ၃,၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂၁ သိန်း)၊ အက်တက်စီအခဲ ၅၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀)၊ အနံ့ဆေးရည် ဝ.၈ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၅,၆၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းကျော်ထွန်း(ခ)အားဖျင်(၄၂)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News #Myanmar