




သရက်ချောင်း၊ အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနှင့် လပြည့်ရက် ဒီရေတက်ချိန်တို့တိုက်ဆိုင်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယခုအခါရေကျဆင်းသွားပြီဖြစ်၍ ရေဘေးသင့်ပြည်သူများအနေဖြင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးအရအဖွဲ့၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလှူရှင်များစုပေါင်း၍ လှူဒါန်းထားသည့် အလှူငွေများကို ယမန်နေ့က ကျောက်မြောင်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား သရက်ချောင်းမြို့၊(အ-ထ-က)သရက်ချောင်းကျောင်းတွင် စုစည်း၍ ထောက်ပံ့လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် သရက်ချောင်းမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက ကျောက်မြောင်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် အလှူငွေ ၂၅၀၀၀/-ကျပ်အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar