
ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး၏ ဈာပနကို ယနေ့နံနက် ၁၀ နာရီက ရေဝေးသုသာန်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရုပ်ရှင်နှင့် ဂီတလောက၏ ဝါရင့်ဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီးသည် အောက်တိုဘာ ၆ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။
ဂီတမှူး ဦးခင်မောင်ကြီးသည် မြန်မာ့ရုပ်ရှင်တေးဂီတလောကတွင် နှစ်ပေါင်းများစွာ ပါဝင်ဖြတ်သန်းခဲ့သည့် ဝါရင့်ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများအတွက် နောက်ခံတေးဂီတနှင့် တေးသံစဉ်များ ဖန်တီးပေးခဲ့သူဖြစ်ကာ အလင်္ကာကျော်စွာဘွဲ့ကို ရရှိထားသူဖြစ်သည်။
ဂီတမှူးဦးခင်မောင်ကြီးသည် ၂၀၀၂ ခုနှစ်တွင် ငါသူတပါးယောကျာ်းမိန်းမ ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် ကျန်စစ်မင်း ဇာတ်ကားဖြင့်လည်းကောင်း၊၂၀၁၄ ခုနှစ်တွင် ကောင်းကျိုးကိုယ်၌ တည်စေမင်း ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်တေးဂီတဆုများကို ဆွတ်ခူးနိုင်ခဲ့သူ တစ်ဦးဖြစ်သည်။
#ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး