Eleven Media Group

■ အာဆီယံအဖွဲ့ထဲသို့ မြန်မာနိုင်ငံပြန်လည်ပူးပေါင်းရေးအတွက် တတ်နိုင်သမျှ မည်သည့်အရာမဆို လုပ်ပေးမည်ဟု မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင် ပြောကြား

မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်က အာဆီယံအဖွဲ့ထဲသို့ မြန်မာနိုင်ငံပြန်လည်ပူးပေါင်းရေးအတွက် ၎င်း၏အစိုးရက တတ်နိုင်သမျှ မည်သည့်အရာမဆို လုပ်ပေးမည်ဟု စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

အန်ဝါက မလေးရှားမှ မြန်မာနိုင်ငံသားများထောင်ပေါင်းများစွာ ပြန်ပို့ရေးအပါအဝင် မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ ယင်းသို့ မလေးရှားက မြန်မာနိုင်ငံသားများကို ပြန်ပို့နေခြင်းအား ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြသည်။

မြန်မာသမ္မတဦးမင်းအောင်လှိုင်သည် မလေးရှားသို့ နှစ်ရက်ကြာသွားရောက်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲယူခဲ့ပြီးနောက် အာဆီယံကချမှတ်ခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် မြန်မာက ပျက်ကွက်သည့်အတွက် အာဆီယံက မြန်မာတာဝန်ရှိသူများကို အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခြင်းမှတားမြစ်ထားသည်။

သို့သော်လည်း ထိုင်း၊ လာအို၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ်တို့အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာအစိုးရနှင့် ဆက်ဆံရေးများ ပြန်လည်ထူထောင်ရန်ကြိုးပမ်းခဲ့ကြသည်။

မလေးရှားဝန်ကြီးချုပ်အန်ဝါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခြင်းကို အသိအမှတ်ပြုသည်ဆိုသော်လည်း ကွဲပြားခြားနားမှုများကို လေးစားရမည်ဟု ဆိုသည်။ သမ္မတ ဦးမင်းအောင်လှိုင်သည် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့နဲ့မလေးရှားက ကျွန်တော်တို့ရဲ့အဖွဲ့သားတွေကတော့ ဒီပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ တတ်နိုင်တာ တာမှန်သမျှ လုပ်ပေးမှာပါ။ နောက်ဆုံးမှာ တော့ အစွဲအမရှိဘဲ အာဆီယံနိုင်ငံတွေရဲ့ အသိုက်အဝန်းထဲကို မြန်မာပါလာအောင် ကျွန်တော်တို့ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်”ဟု သမ္မတဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက်ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင်အန်ဝါက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသား ၁၀၄၉၃ ဦးကို မလေးရှားမှ ပြန်ပို့ခြင်းအားလက်ခံသည့်အတွက် သမ္မတဦးမင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group